တမန်တော်ဝတ္ထု 15:29
လည်ပင်း ကိုညှစ်၍ သတ်သောအရာကို၎င်း ၊ မတရား သော မေထုန်ကို၎င်း ကြဉ်ရှောင် ရမည်ဟူသော ပညတ်မှတပါး အခြားသော ဝန် သင် တို့၏ အပေါ်၌ တင် ခြင်းငှာသန့်ရှင်း သော ဝိညာဉ် တော်နှင့် ငါ တို့သည် အလိုမ ရှိ။ ထို အရာများကို ကြဉ်ရှောင်အပ်၏။ ကျန်းမာ ကြပါစေသောဟုရေး၍ ပေးလိုက်သတည်း။
မြန်မာကျမ်းစာ
In The King James Version
In Context
28ရုပ်တု ရှေ့မှာ ပူဇော်သောယဇ်ကောင်ကို၎င်း ၊ အသွေး ကို၎င်း ၊
Cross References
Leviticus 17:14ဣသရေလ အမျိုးသား မှစ၍ သင် တို့တွင် တည်း နေသောတပါး အမျိုးသားတစုံ တယောက်သည်၊ မုဆိုး လုပ်၍ စားစရာဘို့ သား ၊ ငှက် ကို ဘမ်း မိလျှင် ၊ အသွေး ကို သွန် ၍ မြေ နှင့် ဖုံး ရမည်။
Acts 15:20ရုပ်တု တို့၏ ညစ်ညူး ရာကို၎င်း ၊ မတရား သော မေထုန်ကို၎င်း ၊ လည်ပင်း ကိုညှစ်၍ သတ်သောအရာကို ၎င်း၊ အသွေး ကို၎င်း ကြဉ်ရှောင် စေခြင်းငှာသူ တို့ကို မှာ လိုက်သင့်သည်ဟု ငါသဘောရှိ၏။
Acts 21:25ယုံကြည် ခြင်းသို့ ရောက်သောတစ်ပါး အမျိုးသားတို့မူကား ၊ ထိုသို့သောတရားကိုမကျင့်မစောင့်ဘဲလျက်၊ ရုပ်တု ရှေ့မှာပူဇော်သော ယဇ်ကောင်ကို၎င်း ၊ အသွေး ကို ၎င်း ၊ လည်ပင်း ကိုညှစ်၍ သတ်သောအရာ ကို၎င်း၊ မတရား သော မေထုန်ကို၎င်း၊ ရှောင် စေခြင်းငှာသာ ငါ တို့သည် စီရင် ၍ ကြား လိုက်ခဲ့ပြီဟုဆို ကြ၏။
Romans 14:14အဘယ် အစာမျှ ပကတိ အတိုင်း မညစ်ညူး ကြောင်းကို၊ ငါသည်သခင် ယေရှု ကို အမှီပြု လျက်သဘောကျ၍ အမှန်သိ ၏။ သို့သော်လည်း ၊ ညစ်ညူး သည် ဟု အကြင်သူ သည်ထင် ၏။ ထိုသူ ၌ ညစ်ညူး ၏။
1 Corinthians 10:18ဇာတိ အားဖြင့် ဣသရေလ အမျိုးဖြစ်သော သူ တို့ကို ကြည့်ရှု ကြလော့။ ယဇ်ကောင် ကိုစား သော သူ တို့သည် ယဇ်ပလ္လင် နှင့် ဆက်ဆံ သောသူဖြစ် ကြသည် မ ဟုတ်လော။
2 Corinthians 13:11ကြွင်း သေးသောစကားဟူမူကား၊ ညီအစ်ကို တို့၊ သင်တို့၌ မင်္ဂလာရှိပါစေသော။ စုံလင် ခြင်း၊ သက်သာ ဝမ်းမြောက် ခြင်းရှိကြလော့။ စိတ် တညီတညွတ် တည်းဖြစ်၍၊ အချင်းချင်းအသင့်အတင့် နေကြလော့။ သို့ဖြစ်၍ မေတ္တာ ကို၎င်း ၊ အသင့်အတင့် နေခြင်း ချမ်းသာကို၎င်း ပေးတော်မူသော ဘုရားသခင် သည် သင် တို့နှင့်အတူ ရှိ တော်မူလတံ့။