တမန်တော်ဝတ္ထု 16:25
သန်းခေါင် အချိန်၌ ပေါလု နှင့် သိလ တို့သည် ပဌနာ ပြု၍ ဘုရားသခင် ကို ချီးမွမ်း လျက်သီချင်း ဆိုလေ၏။ ထောင် ထဲမှာနှောင်ဖွဲ့ခြင်း ကိုခံရသော သူ တို့သည် နားထောင် ကြ၏။
မြန်မာကျမ်းစာ
In The King James Version
And at midnight Paul and Silas prayed, and sang praises unto God: and the prisoners heard them.
In Context
24ထိုသို့ မှာ လိုက်သည်အတိုင်း ထောင်မှူးသည် အတွင်း ထောင် ထဲမှာ လှောင် ၍ ထိတ်ခတ် လျက်ထား၏။
Cross References
Job 35:10သို့သော်လည်း ငါ့ ကို ဖန်ဆင်း တော်မူထသော၊ ညဉ့် အချိန်၌ သီချင်း ဆိုရသောအခွင့်ကိုပေး တော်မူထ သော၊
Psalms 34:1ငါ သည် ခပ်သိမ်း သောကာလ တို့၌ ထာဝရဘုရား ကို ကောင်းကြီး ပေးမည်။ ဂုဏ် ကျေးဇူးတော်ကို အစဉ် မပြတ်မြွက် ဆိုမည်။
Psalms 50:15အမှု ရောက်သည်ကာလ ၌ ငါ့ ကိုပဌနာ ပြုလော့။ ငါသည် ကယ်လွှတ် မည်။ သင် သည်လည်း ငါ့ ကိုချီးမွမ်း လိမ့်မည်ဟု မိန့်တော်မူ၏။
Psalms 77:2ဘေး ရောက်သည်ကာလ ၌ ငါ သည် ထာဝရ ဘုရား ကို ရှာ ရ၏။ ညဉ့် အချိန်၌ ပင်လက် ကို ဆန့် လျက် နေရ၏။ ငါ့ ဝိညာဉ် သည် သက်သာ ခြင်းကို ငြင်းပယ် ၏။
Psalms 91:15သူသည် ငါ့ ကိုခေါ် သောအခါ ငါထူး မည်။ ဒုက္ခ ခံရသောအခါ သူ့ ဘက် မှာ ငါ နေ၍ ချမ်းသာ ပေးမည်။ သူ ၏ဘုန်း ကိုလည်း ထင်ရှားစေမည်။
Psalms 119:62တရား သဖြင့် စီရင် တော်မူချက်တို့ကိုထောက် ၍ ၊ ဂုဏ်တော်ကို ချီးမွမ်း ခြင်းငှါ ၊ သန်းခေါင် အချိန်၌ အကျွန်ုပ် ထ တတ်ပါ၏။