တမန်တော်ဝတ္ထု 16:5
ထိုသို့ အသင်းတော် တို့သည် ယုံကြည် ခြင်း၌ တည်ကြည် မြဲမြံသည်ဖြစ်၍၊ အရေအတွက် အားဖြင့် တစ်နေ့ထက်တစ်နေ့တိုးပွား များပြားကြ၏။
မြန်မာကျမ်းစာ
In The King James Version
And so were the churches established in the faith, and increased in number daily.
In Context
Cross References
2 Chronicles 20:20နက်ဖြန်နံနက် စောစောထ ၍ ၊ တေကော တော သို့ ထွက်သွား ကြ၏။ သွား ကြစဉ် တွင်၊ ယောရှဖတ် သည် ရပ် ၍ ၊ အိုယုဒ ပြည်သူယေရုရှလင် မြို့သား တို့၊ နားထောင် ကြလော့။ သင် တို့၏ဘုရားသခင် ကို ယုံကြည် ကြလော့။ သို့ပြုလျှင် တည်ကြည် ကြလိမ့်မည်။ ပရောဖက် တော်တို့ကို ယုံကြည် ကြလော့။ သို့ပြုလျှင် အောင်မြင် ကြလိမ့်မည်ဟု မိန့် တော်မူ၏။
Acts 2:47ဘုရားသခင် ကိုလည်း ချီးမွမ်း ၍ လူ အပေါင်း တို့ရှေ့ မှာ မျက်နှာ ပွင့်လန်းခြင်း အခွင့်ကိုရ ကြ၏။ ကယ်တင် ခြင်းသို့ ရောက်သောသူ တို့ကိုလည်း နေ့စဉ်မပြတ်သခင် ဘုရားသည် သင်းဝင်စေတော်မူ၏။
Acts 5:14သခင် ဘုရား၌ ယုံကြည် သော ယောက်ျား ၊ မိန်းမ ၊ အပေါင်း တို့သည် သင်းဝင်ကြ၏။
Acts 9:31ထိုအခါ ယုဒ ပြည်၊ ဂါလိလဲ ပြည်၊ ရှမာရိ ပြည် အရပ်ရပ် တို့တွင် အသင်းတော် တို့သည် ငြိမ်သက် ၍ တည်ဆောက် ခြင်းရှိကြ၏။ သခင် ဘုရားကို ကြောက်ရွံ့ ခြင်း၌၎င်း ၊ သန့်ရှင်း သောဝိညာဉ် တော်၏ အဆုံးအမ ၌ ၎င်း၊ မွေ့လျော် သောအားဖြင့်ပွားများ ကြ၏။
Acts 12:24ဘုရားသခင် ၏ သာသနာ တော်သည် တိုးပွား များပြား လာ၏။
Acts 15:41အသင်းတော် များကို မြဲမြံ ခိုင်ခံ့စေလျက်၊ ရှုရိ ပြည်၊ ကိလိကိ ပြည်တို့ကို ရှောက်သွား လေ၏။