တမန်တော်ဝတ္ထု 17:16
ပေါလု သည်အာသင် မြို့၌ သိလ နှင့် တိမောသေ တို့ကို ငံ့လင့် ၍ နေစဉ်တွင်၊ ထိုမြို့ သည် ရုပ်တု တို့နှင့် အပြည့်ရှိ သည်ကိုမြင် လျှင် စိတ် ပူပန် ခြင်းသို့ရောက်၏။
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
Exodus 32:19တပ် အနီးသို့ ရောက် သောအခါ ၊ နွား သငယ်ကို၎င်း ၊ ကခုန် ခြင်းကို၎င်းမြင် လျှင် ၊ မောရှေ သည် အမျက် ထွက် သဖြင့် ကျောက် ပြားတို့ကို ချ ၍ တောင် ခြေရင်း ၌ ချိုးဖဲ့ ၏။
1 Kings 19:10ဧလိယကလည်း၊ အကျွန်ုပ်သည် ကောင်းကင်ဗိုလ်ခြေ အရှင် ဘုရားသခင် ထာဝရဘုရား ဘက် ၌ အလွန် စိတ် အားကြီးပါပြီ။ အကြောင်း မူကား၊ ဣသရေလ အမျိုးသား တို့သည် ကိုယ်တော် ၏ပဋိညာဉ် တရားကို စွန့် ပြီးလျှင် ၊ ကိုယ်တော် ၏ယဇ် ပလ္လင်များကို ဖြိုဖျက် ၍ ကိုယ်တော် ၏ပရောဖက် များကို ထား နှင့် သတ် ကြပါပြီ။ အကျွန်ုပ် တယောက် တည်း ကျန်ရစ် ၍ ၊ အကျွန်ုပ် အသက် ကို ပင်သတ် ခြင်းငှါ ရှာ ကြပါသည်ဟု လျှောက် လေ၏။
Job 32:2ထိုအခါ ဗုဇ အမျိုးအာရ အနွယ် ဖြစ်သော ဗာရခေလ သား ဧလိဟု သည်အမျက် ထွက် ၏။ ယောဘသည် ဘုရား သခင်ထက် မိမိ ဖြောင့်မတ် ကြောင်းကို ပြသောကြောင့် ၊ ယောဘ ကို အမျက် ထွက် ၏။
Psalms 69:9ကိုယ်တော် ၏အိမ် တော်၌ စွဲလမ်း ပူပန်ခြင်းစိတ်သည် အကျွန်ုပ် ကို စား ပါ၏။ ကိုယ်တော် ကို ကဲ့ရဲ့ သောသူတို့ ၏စကားသည် အကျွန်ုပ် အပေါ် သို့ ရောက် ပါ၏။
Psalms 119:158သစ္စာ မရှိသောသူတို့ကို အကျွန်ုပ်သည်မြင် ၍ စိတ်နာ ပါ၏။ အကြောင်း မူကား၊ သူတို့သည် ဗျာဒိတ် တော် စကားကို နား မ ထောင်ဘဲ နေကြပါ၏။
Micah 3:8ငါ မူကား ၊ ယာကုပ် အမျိုး လွန်ကျူး ခြင်း၊ ဣသရေလ အမျိုးပြစ်မှား ခြင်းကို သူတို့အား ဘော်ပြ နိုင်မည် အကြောင်း ၊ ထာဝရဘုရား ၏ ဝိညာဉ် တော်အားဖြင့် အရှိန် တန်ခိုး၊ ဉာဏ် သတ္တိ၊ အစွမ်း သတ္တိနှင့် ပြည့်စုံ ၏။