မိက္ခာအနာဂတ္တိကျမ်း 3:8
ငါ မူကား ၊ ယာကုပ် အမျိုး လွန်ကျူး ခြင်း၊ ဣသရေလ အမျိုးပြစ်မှား ခြင်းကို သူတို့အား ဘော်ပြ နိုင်မည် အကြောင်း ၊ ထာဝရဘုရား ၏ ဝိညာဉ် တော်အားဖြင့် အရှိန် တန်ခိုး၊ ဉာဏ် သတ္တိ၊ အစွမ်း သတ္တိနှင့် ပြည့်စုံ ၏။
မြန်မာကျမ်းစာ
In The King James Version
In Context
9ဖြောင့်မတ်စွာ စီရင် ခြင်းကို ရွံရှာ ၍ ခပ်သိမ်း သောတရား ကို ဖျက် လျက်၊
Read all of မိက္ခာအနာဂတ္တိကျမ်း 3
Cross References
Isaiah 11:2ထာဝရဘုရား ၏ ဝိညာဉ် တော်တည်းဟူသောဉာဏ် ပညာ ကို ပေးသောဝိညာဉ် ၊ ကြံစည် တတ်စွမ်း နိုင် သော သတ္တိ ကိုပေးသောဝိညာဉ် ၊ ထာဝရဘုရား ကိုသိ ၍ ကြောက်ရွံ့ သောသဘောကို ပေးသောဝိညာဉ် တော်သည် ထိုသူ အပေါ် မှာ ကျိန်းဝပ် တော်မူလိမ့်မည်။
Jeremiah 1:18ကြည့်ရှု လော့။ ယုဒ ရှင်ဘုရင် ၊ မင်းသား ၊ ယဇ်ပုရောဟိတ် ၊ ပြည်သူ ပြည်သားတည်းဟူသောတနိုင်ငံ လုံး တစ်ဘက် ၌၊ ခိုင်ခံ့ သော မြို့ ၊ သံ တိုင် ၊ ကြေးဝါ ထရံ အရာ၌ သင့် ကို ယနေ့ ငါခန့် ထား၏။
Jeremiah 15:19ထိုကြောင့်၊ ထာဝရဘုရား မိန့် တော်မူသည်ကား ၊ သင်သည် ပြန် လာလျှင်၊ သင့် ကိုငါဆောင် ခဲ့၍ ၊ သင်သည် ငါ ၏အမှုကို ထမ်း ရလိမ့်မည်။ သင်သည် မြတ် သောအရာ နှင့် ယုတ် သောအရာတို့ကို ပိုင်းခြားခွဲထားလျှင် ၊ ငါ့ နှုတ် ကဲ့သို့ ဖြစ် ရလိမ့်မည်။ သူ တို့သည် သင့် ထံသို့ ပြန် လာကြ လိမ့်မည်။ သင် သည် သူ တို့ရှိရာသို့ ပြန် ၍ မ သွားရ။
Ezekiel 3:14ဝိညာဉ် တော်သည် ငါ့ ကိုချီသွား တော်မူ၍ ၊ ငါ သည်ခါး သောစိတ်၊ ပူပန် သောစိတ် နှင့်လိုက် ရ၏။ ထာဝရဘုရား ၏လက် တော်သည် ငါ့ အပေါ် မှာ လေးလံ စွာ တင် လျက်ရှိ၏။
Ezekiel 20:4အချင်းလူသား ၊ သင်သည်သူ တို့ကို စစ်ကြော လော့။ စစ်ကြော လော့။ သူ တို့ဘိုးဘေး ပြုဘူးသော စက်ဆုပ် ရွံရှာဘွယ်အမှုကို ဘော်ပြ ၍၊
Ezekiel 23:36တဖန် ထာဝရဘုရား သည် ငါ့ အား မိန့် တော်မူသည် ကား၊ အချင်းလူသား ၊ သင်သည်အဟောလ နှင့် အဟောလိဗ တို့ကို စစ်ကြော လော့။ အကယ်စင်စစ်သူ တို့ ပြုသောစက်ဆုပ် ရွံရှာဘွယ်အမှုတို့ကို ဘော်ပြ ရမည်။