တမန်တော်ဝတ္ထု 17:28
ငါတို့သည် ဘုရားသခင် အားဖြင့် အသက် ရှင်လျက် ၊ လှုပ်ရှား လျက် ၊ ဖြစ် လျက်ရှိကြ၏။ ထိုသို့နှင့်အညီ၊ သင် တို့တွင် လင်္ကာ ဆရာအချို့ တို့က၊ ငါတို့သည်ကား၊ နွယ်တော်သားပင်၊ ဘုရားမျိုး ပေ ၊ ဖြစ် ကြလေဟု စပ်ဆို သတည်း။
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
1 Samuel 25:29ကိုယ်တော် ၏ အသက် ကိုသတ် အံ့သောငှါ လူ အချို့တို့သည် ထ ၍ ရှာ သော်လည်း ၊ ကိုယ်တော် ၏ ဘုရား သခင်ထာဝရဘုရား သည် ကျွန်မ သခင် ၏ အသက် ကို အသက် ထုပ် ၌ နှောင်ဖွဲ့ တော်မူလိမ့်မည်။ ကိုယ်တော် ၏ ရန်သူ တို့အသက် ကိုမူကား ၊ လောက်လွှဲ ထဲက ပစ်သကဲ့သို့ပစ် တော်မူလိမ့်မည်။
Psalms 36:9အကြောင်း မူကား၊ ကိုယ်တော် ထံ မှာအသက် စမ်းရေ တွင်းရှိပါ၏။ အလင်း တော်ထဲ မှာ အကျွန်ုပ်တို့ သည် အလင်း ကို ရ ကြပါ၏။
Daniel 5:23ကောင်းကင် ဘုံ၏ အရှင် ကို ဆန့်ကျင်ဘက်ပြု၍၊ ဗိမာန် တော်၏ ဖလား တို့ကို ရှေ့ တော်သို့ ယူ ခဲ့စေ၍ ၊ ကိုယ်တော်တိုင်မှစသောမှူး တော် မတ်တော်၊ မိဖုရား ၊ မောင်းမမိဿံ တို့သည် ထိုဖလားတို့နှင့်စပျစ်ရည် ကို သောက် ကြပြီတကား။ မျက်စိမ မြင် ၊ နားမ ကြား ၊ အဘယ် အရာကိုမျှ မ သိ သော ငွေ ဘုရား၊ ရွှေ ဘုရား၊ ကြေးဝါ ဘုရား၊ သံ ဘုရား၊ သစ်သား ဘုရား၊ ကျောက် ဘုရား တို့ကို ချီးမွမ်း ၍၊ ကိုယ်တော် ၏ အသက် သခင်တည်းဟူသောကိုယ်တော်၏ အမှု အလုံးစုံ တို့ကိုစီရင်ပိုင်တော်မူသောဘုရား သခင်ကို မ ချီးမွမ်း ဘဲ နေပါပြီတကား။
Luke 20:38ဘုရားသခင် သည် သေ နေသောသူတို့၏ဘုရားမ ဟုတ် ။ အသက် ရှင်သောသူတို့၏ဘုရား ဖြစ်တော်မူ၏။ ထိုသူအပေါင်း တို့သည် ဘုရားသခင် ၌ အသက် ရှင်ကြသည် ဟု မိန့် တော်မူ၏။
John 11:25ယေရှု ကလည်း၊ ငါ သည် ထမြောက် ခြင်းအကြောင်း၊ အသက် ရှင်ခြင်းအကြောင်းဖြစ် ၏။ ငါ့ ကို ယုံကြည် သောသူ သည်သေ လွန်သော်လည်း ရှင် လိမ့်မည်။
Titus 1:12သူ တို့အပါအဝင် ၊ အမျိုးသား ချင်းပရောဖက် ဆရာတယောက်က၊ ကရက် သားမြဲ ၊ မုသာ စွဲလမ်း၊ သားရဲ ကြမ်းကြုတ် ၊ စားကြူး တုတ်တုတ်၊ လူယုတ် ပေဟု စပ်ဆို သတည်း။