တမန်တော်ဝတ္ထု 17:27
အကြောင်းမူကား၊ လူတို့သည် ဘုရားသခင် ကို ရှာ စမ်း သဖြင့် တွေ့ ကောင်းတွေ့ကြလိမ့်မည်အကြောင်း တည်း။ သို့ဆိုသော်လည်း၊ ဘုရားသခင်သည် ငါ တို့တွင် အဘယ်သူနှင့်မျှဝေး တော်မူသည်မ ဟုတ်။
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
1 Kings 8:27သို့ရာတွင် ဘုရားသခင် သည် မြေကြီး ပေါ် မှာ ဧကန် အမှန်ကျိန်းဝပ် တော်မူမည်လော။ ကောင်းကင် နှင့် ကောင်းကင် တကာတို့၏ အထွဋ်အမြင့်ဆုံးသော ကောင်းကင် သည် ကိုယ်တော် ကို မ ဆံ့ မခံနိုင်သည် ဖြစ်၍၊ အကျွန်ုပ်တည်ဆောက် သော ဤ အိမ် ကို အဘယ် ဆိုဘွယ်ရာရှိပါသနည်း။
Psalms 139:1အိုထာဝရဘုရား ၊ ကိုယ်တော်သည် အကျွန်ုပ် ကို စစ်ကြော ၍ သိ တော်မူ၏။
Acts 14:17သို့သော်လည်း ၊ သင် တို့အား ကျေးဇူး ပြုလျက်၊ အစာ အာဟာရနှင့် ဝပြော ၍ဝမ်းမြောက် စေခြင်းငှာ၊ မိုဃ်း ကောင်းကင်မှ မိုဃ်းရွာ စေတော်မူ၍၊ အသီးအနှံတို့ကို သီး စေတတ်သော ဥတု ကိုပေး တော်မူသော အားဖြင့်၊ ကိုယ်တော် ရှိတော်မူသည်ကို သက်သေ မခံဘဲနေတော်မမူဟု ပေါလုနှင့် ဗာနဗသည်ကြွေးကြော် လေ၏။
Romans 1:20အဘယ်သို့ နည်းဟူမူကား၊ ဖန်ဆင်း တော်မူသော အရာများကို ထောက်ရှုသဖြင့် ၊ ထာဝရ တန်ခိုး တော်နှင့် ထာဝရ အဖြစ်တော်တည်းဟူသောမျက်မြင် မရသော ဘုရားသခင်၏ အရာတို့သည် ကမ္ဘာ တည် သည်ကာလမှစ၍ ထင်ရှား လျက်ရှိကြ၏။ ထိုကြောင့် သူ တို့သည် ကိုယ်အပြစ်ကို မ ဖုံးနိုင်ရာ။