တမန်တော်ဝတ္ထု 18:22
ကဲသရိ မြို့သို့ ရောက် လျှင် ယေရုရှလင်မြို့သို့ တက် ၍ အသင်းတော် နှင့် နှုတ်ဆက် ပြီးမှအန္တိအုတ် မြို့ သို့ သွား ပြန်၏။
မြန်မာကျမ်းစာ
In The King James Version
And when he had landed at Caesarea, and gone up, and saluted the church, he went down to Antioch.
In Context
Cross References
Acts 10:1ကဲသရိ မြို့၌ ဣတလိ တပ်ဟု ခေါ်ဝေါ် သော တပ် တွင် လူတရာ ကိုအုပ်ချုပ်သော တပ်မှူး ကော်နေလိ အမည် တွင်သော သူ တစ် ယောက်ရှိ ၏။
Acts 11:11ထိုခဏခြင်း တွင် ကဲသရိ မြို့မှ ငါ့ ထံသို့ စေလွှတ် သော လူ သုံး ယောက်တို့သည် ငါ ရှိသောအိမ် အနားမှာ ရပ် နေကြ၏။
Acts 13:1အန္တိအုတ် မြို့တွင် ရှိ သော အသင်းတော် ၌ ဗာနဗ မှစ၍ နိဂါ ဟု ခေါ်ဝေါ် သော ရှုမောင် ၊ ကုရေနေ ပြည်သားလုကိ ၊ စော်ဘွား ဟေရုဒ် ၏ သူငယ်ချင်း အရင်း ဖြစ်သော မာနင် နှင့် ရှောလု တည်းဟူသောပရောဖက် ပြုသူ၊ ဆရာ ပြုသူရှိ ကြ၏။
Acts 15:4ယေရုရှလင် မြို့သို့ ရောက် လျှင်၊ တမန်တော် တို့နှင့် သင်းအုပ် တို့မှစ၍ သင်းဝင် သူ များတို့တွင် လက်ခံ ခြင်း ကျေးဇူးကိုခံ၍၊ မိမိ တို့အားဖြင့် ဘုရားသခင် ပြု တော်မူသမျှ တို့ကို ပြန်ကြား ကြ၏။
Acts 15:30ထိုသူတို့သည် သွား ရသော အခွင့်ရှိသဖြင့် ၊ အန္တိအုတ် မြို့သို့ သွား ၍၊ လူ အပေါင်းတို့ကို စုဝေး စေပြီးလျှင် မှာစာ ကိုအပ်ပေး ကြ၏။
Acts 18:21ယခုရောက်လုနီးသောပွဲကိုယေရုရှလင်မြို့၌ ငါအမှန်ခံရမည်။ ဘုရားသခင် အလို တော်ရှိလျှင်၊ နောက်တစ်ဖန် သင် တို့ရှိရာ သို့ ငါပြန် ဦးမည်ဟူ၍အခွင့် တောင်းပြီးမှ ၊ ပြစ်ကိလနှင့်အာကုလကို ဧဖက် မြို့၌ ထား၍ သင်္ဘောနှင့်လွှင့် ပြန်လေ၏။