တမန်တော်ဝတ္ထု 18:23
ထိုမြို့၌ အတန် အရာနေ ပြီးလျှင် ၊ ထွက် ပြန်၍ ဂလာတိ ပြည် ၊ ဖြူဂိ ပြည်ကို အစဉ် အတိုင်း ရှောက်သွား သဖြင့်၊ တပည့် တော်အပေါင်း တို့ကို မြဲမြံ ခိုင်ခံ့စေ၏။
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
Ezra 1:6အိမ်နီးချင်း ရှိသမျှ တို့သည်၊ အလိုလိုလှူ သော အလှူမှတပါး၊ ငွေ တန်ဆာ နှင့် ရွှေ အစရှိသော ဥစ္စာ များ၊ တိရစ္ဆာန် များ၊ အဘိုး ထိုက်သော အရာတို့နှင့် မစ ကြ၏။
Daniel 11:1ငါ သည်လည်း မေဒိ အမျိုး ဒါရိ မင်းကြီးနန်းစံပဌမ နှစ် တွင် သူ့ကို နှိုးဆော် ၍ ခိုင်ခံ့ မြဲမြံစေခြင်းငှါ ကြိုးစား အားထုတ်လေ၏။
Luke 22:43ထိုအခါ ကောင်းကင်တမန် သည် ထင်ရှား လာ၍ ကိုယ်တော် ကို အားပေး ရ၏။
Acts 15:32ယုဒ နှင့် သိလ တို့သည် ပရောဖက် ဖြစ် သောကြောင့် များစွာ သောစကား နှင့် ညီအစ်ကို တို့ကို ဆုံးမ ၍ မြဲမြံ ခိုင်ခံ့စေကြ၏။
Acts 16:6ဖြူဂိ ပြည်၊ ဂလာတိ ပြည် ကို ရှောက်သွား ပြီးမှ အာရှိ ပြည်၌ နှုတ်ကပတ် တရားတော်ကို မဟော စေခြင်းငှာသန့်ရှင်း သော ဝိညာဉ် တော်သည်မြစ်တား တော်မူသဖြင့်၊
1 Corinthians 16:1သန့်ရှင်း သူတို့အဘို့ လှူဒါန်း၍ စုထား ခြင်းအမှု မှာ ဂလာတိ ပြည်၌ အသင်းတော် များကို ငါမှာထား သည်အတိုင်း သင် တို့ပြု ကြလော့။