တမန်တော်ဝတ္ထု 20:2
ထို အရပ် များကိုရှောင်သွား ၍ တပည့် တော်တို့ကို စကား များနှင့် ဆုံးမ ပြီးမှ ဟေလသပြည်သို့ ရောက်လာ ၏။
မြန်မာကျမ်းစာ
In The King James Version
And when he had gone over those parts, and had given them much exhortation, he came into Greece,
In Context
Cross References
Zechariah 9:13ယုဒ လေးကို ငါ တင် ၍ ၊ ဧဖရိမ် လေး ကို ဆွဲငင် လျက်၊ ဇိအုန် သား တို့ကို ဟေလသ သား တို့တဘက် ၌ နှိုးဆော် ၍ ၊ သင့် ကို သူရဲ ၏ထား ကဲ့သို့ ဖြစ် စေမည်။
Acts 14:22ထိုသို့ပြန်ကြစဉ်၊ တပည့် တော်များ၏ စိတ် နှလုံးကို မြဲမြံ ခိုင်ခံ့စေသဖြင့်၊ ယုံကြည် ခြင်း၌ တည်ကြည် မည်အကြောင်း နှိုးဆော် ချီပင့်၍ ၊ ငါ တို့သည် များပြား သောဆင်းရဲ ဒုက္ခကိုခံ၍ ဘုရားသခင် ၏ နိုင်ငံ တော်သို့ ဝင် ရကြမည်ဟု ဟောပြောပြညွှန်ကြ၏။
Acts 16:12ထိုမြို့ မှထွက်ပြန်လျှင် မင်းမှုလွတ်သော မြို့ တည်းဟူသောမာကေဒေါနိ ပြည်တ ပိုင်းကို အစိုးရ သော ဖိလိပ္ပိ မြို့သို့ ရောက်၍ ကာလ အတန် အရာနေ ကြ၏။
Acts 17:10ညဉ့် အခါ ညီအစ်ကို တို့သည် ပေါလု နှင့် သိလ ကို ဗေရိ မြို့သို့ ချက်ခြင်း လွှတ် လိုက်ကြ၏။ ထိုမြို့သို့ ရောက် လျှင် ယုဒ တရားစရပ် သို့ ဝင် ကြ၏။
Acts 20:11မုန့် ကိုဖဲ့ ၍စား ကြသည်နှင့် မိုဃ်းလင်း သည် တိုင်အောင် ကြာမြင့် စွာ စကား ပြောပြီးမှ ထွက်သွား ၏။
1 Thessalonians 2:3ငါ တို့သည် မှားယွင်း ခြင်း၊ ညစ်ညူး ခြင်း၊ လှည့်ဖြား ခြင်းအားဖြင့် သင်တို့ကို တိုက်တွန်း သွေးဆောင်ကြသည်မ ဟုတ်။