တမန်တော်ဝတ္ထု 22:16
ယခု လည်း သင်သည်အဘယ်ကြောင့် ဆိုင်းလင့် ၍ နေသနည်း။ ထ လော့။ သခင် ဘုရားကို ပဌနာ ပြုလျက် ဗတ္တိဇံ ကိုခံ၍ ၊ သင် ၏အပြစ် များကို ဆေးကြော လော့ဟု ဆို ပါ၏။
မြန်မာကျမ်းစာ
In The King James Version
In Context
17ထိုနောက်မှအကျွန်ုပ် သည် ယေရုရှလင် မြို့သို့ ပြန် ၍၊ ဗိမာန် တော်၌ ဆုတောင်း စဉ်ဘဝင်ကျ ၍၊
Cross References
Jeremiah 8:14ငါ တို့သည် အဘယ် ကြောင့် ထိုင် လျက်နေကြ သနည်း။ စုဝေး ကြကုန်အံ့၊ ခိုင်ခံ့ သော မြို့ များအထဲ သို့ ဝင် ၍ တိတ်ဆိတ် စွာ နေကြကုန်အံ့။ ငါတို့သည် ထာဝရဘုရား ကို ပြစ်မှား သောကြောင့် ၊ ငါ တို့၏ ဘုရား သခင်ထာဝရဘုရား သည် ငါ တို့ကို တိတ်ဆိတ် စွာနေစေ၍ ၊ ဆေးခါး နှင့် ရောသော ရေ ကိုတိုက် တော်မူ၏။
Acts 2:38ပေတရု ကလည်း ၊ သင် တို့၏အပြစ် ကိုလွတ် စေခြင်းငှာ နောင်တရ ၍ တစ်ယောက်မျှမကြွင်း၊ ယေရှု ခရစ် ၏ နာမ ၌ ဗတ္တိဇံ ကိုခံကြလော့။ သို့ပြုလျှင် သန့်ရှင်း သောဝိညာဉ် တော်တည်းဟူသောဆုကျေးဇူး တော်ကို ခံရ ကြလိမ့်မည်။
Acts 9:18ထိုခဏ ၌ ရှောလု ၏ မျက်စိ မှ ငါး ကြေးကွာ ကျ သကဲ့သို့ ဖြစ်၍ ၊ မျက်စိမြင် ပြန်သဖြင့်ထ ၍ ဗတ္တိဇံ ကိုခံပြီးလျှင် ၊ အစာ အာဟာရကို သုံးဆောင် ၍ အားဖြည့် လေ၏။
Romans 10:12ယုဒ အမျိုး၊ ဟေလသ အမျိုးကိုမ ရွေး၊ လူ အပေါင်း တို့ကို အစိုးရသော အရှင် တစ်ပါးတည်းရှိ၍၊ ကိုယ်တော် ကိုပဌနာ ပြုသော သူ အပေါင်း တို့၌ ကျေးဇူးကြွယ်ဝ တော်မူ၏။
1 Corinthians 6:11အထက်ကသင်တို့တွင် အချို့ သောသူတို့သည် ထိုသို့သောသူဖြစ် ကြသော်လည်း ၊ ယခုတွင်သခင် ယေရှု ၏ နာမ တော်အားဖြင့် ၎င်း၊ ငါ တို့ဘုရားသခင် ၏ ဝိညာဉ် တော်အားဖြင့် ၎င်း ၊ ဆေးကြော သန့်ရှင်း ၍ ဖြောင့်မတ် ရာ သို့ ရောက်ကြပြီ။
Galatians 3:27ခရစ်တော် ၌ ဗတ္တိဇံ ကိုခံသောသူရှိသမျှ တို့သည် ခရစ်တော် ကို ယူတင်ဝတ်ဆောင် သောသူဖြစ်ကြ၏။