တမန်တော်ဝတ္ထု 22:6
လမ်း ၌သွား၍ ဒမာသက် မြို့အနီး သို့ ရောက်သောအခါ၊ မွန်းတည့် အချိန်တွင် ကောင်းကင် ထဲက ကြီး သောအလင်း သည် အကျွန်ုပ် ပတ်လည် ၌ ရုတ်ခနဲ ထွန်းတောက် ပါ၏။
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
Genesis 15:2အာဗြံ က၊ အရှင် ထာဝရဘုရား ၊ အကျွန်ုပ် သည် သား မရှိဘဲ သွား ရပါ၏။ ဤဒမာသက် မြို့သား ဧလျာဇာ သည် အကျွန်ုပ် ၏ အမွေခံ ဖြစ်ရပါ၏။ သို့ဖြစ်၍ အဘယ် ကျေးဇူးကို ပြု တော်မူပါမည်နည်းဟု လျှောက် ဆို၏။
Isaiah 24:23လ သည်လည်း မျက်နှာပျက် လိမ့်မည်။ နေ သည် လည်း အရှက် ကွဲလိမ့်မည်။ အကြောင်း မူကား၊ ကောင်းကင် ဗိုလ်ခြေ အရှင်ထာဝရဘုရား သည်၊ ဇိအုန် တောင် ပေါ် မှာ ယေရုရှလင် မြို့၌ မင်းပြု ၍ ၊ အသက်ကြီး သူတို့ ရှေ့ တွင်ဘုန်းကြီး တော်မူလတံ့။
Acts 9:3သွား ၍ ဒမာသက် မြို့အနီး သို့ရောက် သောအခါ၊ ကောင်းကင် ထဲက အလင်း သည် သူ့ ပတ်လည်၍ ရုတ်ခနဲ ထွန်းတောက် လေ၏။
Revelation 1:16လက်ျာ လက် တော်သည်လည်း ကြယ် ခုနှစ် လုံးကို ကိုင် ၏။ ခံတွင်း တော်ထဲက လည်း ထက် သော သန်လျက် ထွက် ၏။ မျက်နှာ တော်သည်အရှိန် တန်ခိုးနှင့် ထွန်းတောက် သောနေ ကဲ့သို့ ဖြစ်၏။