ကမ္ဘာဦးကျမ်း 15:2
အာဗြံ က၊ အရှင် ထာဝရဘုရား ၊ အကျွန်ုပ် သည် သား မရှိဘဲ သွား ရပါ၏။ ဤဒမာသက် မြို့သား ဧလျာဇာ သည် အကျွန်ုပ် ၏ အမွေခံ ဖြစ်ရပါ၏။ သို့ဖြစ်၍ အဘယ် ကျေးဇူးကို ပြု တော်မူပါမည်နည်းဟု လျှောက် ဆို၏။
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
Genesis 24:2အာဗြဟံ သည်၊ မိမိ အိမ်သား တို့တွင် အသက် ကြီး၍ ဘဏ္ဍာစိုး လုပ်သောသူကို ခေါ် လျက်၊
Genesis 25:21ဣဇာက် သည်၊ မိမိ မယား ရေဗက္က မြုံ သောကြောင့် ၊ ထာဝရဘုရား ကို တောင်းပန် ၍ ၊ ထာဝရဘုရား နားထောင် တော်မူသဖြင့် ၊ သူ ၏မယား သည် ပဋိသန္ဓေ စွဲယူလေ၏။
Genesis 39:4ထိုကြောင့် ယောသပ် သည် သခင် ရှေ့ ၌ မျက်နှာ ရ၍ ခစား လျက် နေရ၏။ သခင်သည်လည်း မိမိ အိမ်တွင် အိမ် အုပ် အရာနှင့် ခန့် ထား၍ ဥစ္စာရှိသမျှ ကို အပ် လေ၏။
Genesis 43:19ယောသပ် ၏ ဝန်စာရေး အနီးသို့ ချဉ်းကပ် ၍ အိမ် တံခါး နားမှာ နှုတ်ဆက် လျက်၊
Ruth 2:6လယ်ခေါင်းက၊ မောဘ ပြည် မှ နောမိ နှင့်အတူ လိုက်လာ သောမောဘ အမျိုးသမီး ဖြစ်ပါ၏။
Psalms 127:3ဘွား မြင်သော သား သမီးတို့သည်ထာဝရဘုရား ဆု ချ၍ ပေးသနားတော်မူသောအမွေ ဥစ္စာဖြစ်ကြ၏။