တမန်တော်ဝတ္ထု 24:14
သို့သော်လည်းဒိဌိအယူ ဟူ၍သူတို့ခေါ် တတ် သော ဘာသာ အတိုင်း အကျွန်ုပ်သည် မိ စဉ်ဘဆက်ကိုးကွယ် သော ဘုရားသခင် ကို ကိုးကွယ်သည်ဟု ရှေ့တော်၌ အကျွန်ုပ်ဝန်ခံ ပါ၏။ ပညတ္တိ ကျမ်း၊ အနာဂတ္တိ ကျမ်းတို့၌ စီရင်ရေး ထားသမျှ တို့ကို အကျွန်ုပ်ယုံ ပါ၏။
မြန်မာကျမ်းစာ
In The King James Version
In Context
13ယခု တွင်အကျွန်ုပ် ကို အပြစ်တင် သောအမှု ၌ သက်သေမ ပြနိုင် ကြ ပါ။
Cross References
1 Chronicles 29:18အကျွန်ုပ် တို့ ဘိုးဘေး အာဗြဟံ ၊ ဣဇာက် ၊ ဣသရေလ တို့၏ ဘုရားသခင် ထာဝရဘုရား ၊ ကိုယ်တော် ၏ လူ တို့သည် ဤ အမှုအရာများကို၊ အစဉ် အောက်မေ့စွဲလမ်း သောစိတ် သဘောရှိမည်အကြောင်း၊ သူ တို့စိတ် နှလုံးသည် ကိုယ်တော် ဘက်၌ တည်ကြည် မည်အကြောင်းကယ်မ သနားတော်မူပါ။
Amos 8:14ရှမာရိ အပြစ် ကို တိုင်တည်၍ ကျိန်ဆို သောသူ၊ အိုဒန် ၊ သင် ၏ဘုရား အသက် ရှင်တော်မူသည်အတိုင်း ဟူ၍၎င်း ၊ ဗေရရှေဘ ဘာသာ အသက် တည်သည်အတိုင်းဟူ၍၎င်း ဆို သောသူတို့သည်၊ နောက် တဖန် မ ထ နိုင် အောင်လဲ ၍ နေရကြလိမ့်မည်ဟု မိန့်တော်မူ၏။
Matthew 7:12သင် တို့သည် ကိုယ် ၌သူတစ်ပါး ပြု စေ လိုသမျှ အတိုင်းသူတစ်ပါး ၌ပြု ကြလော့။ ဤ ပညတ်ကား ပညတ္တိ ကျမ်း နှင့် အနာဂတ္တိ ကျမ်းတို့၏ အချုပ်အခြာပင် ဖြစ် သတည်း။
Matthew 22:40ဤ ပညတ် နှစ် ပါးတို့ကား ပညတ္တိ ကျမ်းနှင့် အနာဂတ္တိ ကျမ်း ရှိသမျှ တို့၏ အချုပ်အခြာ ပင်ဖြစ်သတည်း ဟု မိန့် တော်မူ၏။
Luke 16:16ယောဟန် မရောက်မှီတိုင်အောင် ပညတ္တိ ကျမ်းနှင့် အနာဂတ္တိ ကျမ်းရှိ၏။ ယောဟန်လက်ထက်မှစ၍ ဘုရားသခင် ၏နိုင်ငံ တော်နှင့် ယှဉ်သောဧဝံဂေလိ တရားကို ဟောလျက်ရှိ၏။ လူများတို့သည်လည်း နိုင်ငံတော် ကို အနိုင်အထက်ဝင် ကြ၏။
Luke 24:27ထိုအခါ မောရှေ ၏ကျမ်းစာမှ စ ၍ပရောဖက် တို့၏ ကျမ်းစာများ ၌ ကိုယ်တော် ကိုရည်မှတ် ၍ ရေးထားသမျှ သော ကျမ်းစာ ချက်အနက်ကို ရှင်းလင်းစွာဖော်ပြ တော်မူ၏။