တမန်တော်ဝတ္ထု 25:8
ပေါလု ကလည်း၊ အကျွန်ုပ်သည်ယုဒ တရား ကို မ ပြစ်မှား ပါ။ ဗိမာန် တော်ကိုမ ပြစ်မှား ပါ။ ကဲသာ ဘုရင်ကို မ ပြစ်မှား ပါဟူ၍အပြစ် ဖြေရာစကားကိုပြောလေ၏။
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
Genesis 40:15အကယ်စင်စစ် ကျွန်ုပ်ကို ဟေဗြဲ ပြည် မှ ခိုး ယူခဲ့ ကြ၏။ ဤ ပြည်မှာလည်း ကျွန်ုပ် ၌ အပြစ် မ ရှိဘဲ ထောင်ထဲမှာ လှောင် ထားကြသည်ဟုဆို၏။
Daniel 6:22အကျွန်ုပ် ၏ ဘုရား သခင်သည် ကောင်းကင် တမန်ကို စေလွှတ် ၍ ခြင်္သေ့ နှုတ် ကို ပိတ် ထားတော်မူသဖြင့်၊ အကျွန်ုပ် သည် ခြင်္သေ့ဘေးနှင့် လွတ်ပါ၏။ အကြောင်း မူကား၊ ဘုရားသခင့်ရှေ့ ၌ အကျွန်ုပ် သည် အပြစ် ကင်းပါ၏။ ကိုယ်တော် မြတ်ကိုလည်း အလျှင်း မပြစ်မှားပါဟု ပြန် လျှောက်လေ၏။
Acts 23:1ပေါလု သည် လွှတ် အရာရှိတို့ကို စေ့စေ့ ကြည့်ရှု၍၊ ညီအစ်ကို တို့၊ အကျွန်ုပ် သည် ယနေ့ တိုင်အောင် ဘုရား ဝတ်ကို ပြုခြင်းအမှုမှာ၊ ကိုယ်စိတ်နှလုံးသည် ကိုယ်၌ အပြစ်တင်ခွင့်နှင့်ကင်းလွတ် လျက် ပြု ပါသည်ဟု ပြောဆို သော်၊
Acts 24:12ဗိမာန် တော်၌ တစ်စုံတစ်ယောက် သောသူနှင့် အကျွန်ုပ် ဆွေးနွေး ငြင်းခုံသည်ကို သူတို့မ တွေ့ ကြပါ။ တရားစရပ် တို့၌ ၎င်း၊ မြို့ ထဲ၌၎င်း၊ လူ များကို မ ငြိမ်မသက်စေခြင်းငှာအကျွန်ုပ်နှိုးဆော် သည်ကို သူတို့မတွေ့ကြပါ။
Acts 25:10ပေါလု ကလည်း ၊ ကဲသာ ဘုရင်၏ တရားပလ္လင် ရှေ့ မှာ အကျွန်ုပ် ရပ် ပါ၏။ ထိုပလ္လင်ရှေ့မှာ အကျွန်ုပ် အမှုကိုစီရင် အပ်ပါ၏။ ကိုယ်တော် သည် အမှန် သိ တော်မူသည်အတိုင်း ၊ အကျွန်ုပ်သည်ယုဒ လူတို့ကိုအလျှင်းမ ပြစ်မှား ပါ။
Acts 28:21ထိုသူတို့က၊ သင် ၏အကြောင်း ကို ကြားလိုက်သောစာ ကို ယုဒ ပြည်မှ အကျွန်ုပ် တို့မ ရ ကြ။ ထိုပြည်မှ လာ သော ညီအစ်ကို တို့တွင် အဘယ်သူ မျှ သင် ၌ အပြစ် ရှိကြောင်း ကို မ ကြား မပြောပါ။