တမန်တော်ဝတ္ထု 27:24
ပေါလု ၊ သင်သည် မ စိုးရိမ် နှင့်။ ကဲသာ ဘုရင် ရှေ့ သို့ ရောက် ရမည်။ သင် နှင့်အတူ ပင်လယ်ကူး သော သူ အပေါင်း တို့ကို ဘုရားသခင် သည် သင့် အားပေး တော်မူပြီဟု ဆို ၏။
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
Genesis 15:1ထိုနောက်မှဗျာဒိတ်တော်အားဖြင့်၊ ထာဝရဘုရား ၏ နှုတ်ကပတ် တော်သည် အာဗြံ သို့ ရောက် ၍၊ အချင်းအာဗြံ ၊ မ စိုးရိမ် နှင့်။ ငါ သည် သင် ၏ အကွယ် အကာဖြစ်၏။ သင် ၏အကျိုး သည် အလွန် ကြီး လှ၏ဟု မိန့် တော်မူလျှင်၊
Genesis 19:21ထိုသူ ကလည်း ၊ ကြည့် ပါ။ ဤ အမူအရာ၌လည်း သင်၏ စကား ကို ငါနား ထောင်စေခြင်းငှါ ထိုမြို့ အတွက် တောင်းပန် သောကြောင့် ငါမ ဖျက်ဆီး။
Genesis 30:27လာဗန် က၊ သင် ၏စိတ် နှင့် တွေ့ ပါစေ။ ထာဝရဘုရား သည် သင် ၏အကြောင်း ကြောင့် ငါ့ အား ကောင်းကြီး ပေးတော်မူသည်ကို ငါရိပ်မိ ပြီ။
Genesis 39:23ထိုနောက်ထောင် မှူး သည် ထောင်အမှုကို ကိုယ်တိုင်ပြန်၍ မ ကြည့် မရှုရ။ အကြောင်း မူကား၊ ထာဝရဘုရား သည် ယောသပ် ဘက် မှာရှိ၍ သူ ပြု လေရာရာ ၌ အောင် စေတော်မူသတည်း။
1 Kings 17:13ဧလိယ ကလည်း မ စိုးရိမ် နှင့်။ သင် ဆိုသည်အတိုင်း သွား ၍ ပြု လော့။ သို့ရာတွင် ငါ့ အဘို့ မုန့်ပြား ငယ် တပြားကို အရင် လုပ် ၍ ယူ ခဲ့လော့။ နောက်မှ သင် နှင့် သင် ၏ သားငယ်အဘို့ လုပ် လော့။
Job 35:8သင် ပြုသောဒုစရိုက် သည် သင် နှင့် တူသော လူ သတ္တဝါကို သာ ထိခိုက်နိုင်၏။ သင် ပြုသောသုစရိုက် သည်လည်း လူ သား တို့၌ သာ ကျေးဇူးပြုနိုင်၏။