တမန်တော်ဝတ္ထု 28:15
ရောမမြို့သားညီအစ်ကို တို့သည် ငါ တို့လာကြောင်း ကို ကြားသိ လျှင်၊ ခရီးဦးကြိုပြု အံ့သောငှာ အချို့တို့ သည် အပ္ပိ ဈေး တိုင်အောင် ၎င်း ၊ အချို့တို့သည် သုံး စရပ် တိုင်အောင်၎င်းလာ ကြ၏။ ပေါလု သည် ထိုသူ တို့ကို မြင် လျှင်၊ ဘုရားသခင် ၏ကျေးဇူး တော်ကို ချီးမွမ်း၍ စိတ်သက်သာ ခြင်းသို့ ရောက်လေ၏။
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
Exodus 4:14ထာဝရဘုရား သည် မောရှေ အား အမျက် တော်ထွက်၍ ၊ လေဝိ လူ အာရုန် သည် သင် ၏အစ်ကို ဖြစ်သည် မဟုတ် လော။ သူ သည် ကောင်းမွန် စွာပြောတတ်သည်ကို ငါသိ ၏။ သူ သည်လည်း သင့် ကိုခရီးဦးကြို ပြုခြင်းငှါ ယခုလာ ၏။ တွေ့ မြင်သောအခါ ဝမ်းမြောက် လိမ့်မည်။
Joshua 1:9သင့် ကို ငါမှာ ထားသည်မ ဟုတ်လော။ အား ယူ၍ ရဲရင့် ခြင်းရှိလော့။ မ ကြောက် နှင့်၊ စိတ် မ ပျက်နှင့်။ သွား လေရာရာ၌ သင် ၏ဘုရား သခင်ထာဝရဘုရား ရှိသည်ဟု မိန့်တော်မူ၏။
Psalms 27:14ထာဝရဘုရား ကို မြော်လင့် လော့။ အား ယူ၍ ရဲရင့် သော စိတ် နှလုံးရှိလော့။ ထာဝရဘုရား ကို မြော်လင့် လျက်နေလော့။
Acts 10:25ပေတရု ရောက်လာ သောအခါ ကော်နေလိ သည် ခရီးဦးကြိုပြု ၍၊ ပေတရု၏ခြေ ရင်း၌ ပြပ်ဝပ် လျက် ကိုးကွယ် လေ၏။
Romans 15:24စပါနိ ပြည်သို့ ငါသွား သောအခါ၊ လမ်းခရီး၌ သင် တို့ကို တွေ့မြင် ၍ သင်တို့နှင့်အတူပေါင်းဘော်လျက် အတန် အရာအလို ပြည့်စုံ ပြီးမှ၊ ထို ပြည်သို့သင်တို့ ပို့ဆောင် ခြင်းကျေးဇူးကို ခံမည်ဟု မြော်လင့် ၏။
2 Corinthians 2:14ငါ တို့သည် ခရစ်တော် နှင့်အတူ အောင်ပွဲ ကိုအစဉ် ခံစေခြင်းငှာ၎င်း၊ ထိုသခင် ကို သိ ခြင်း၏ အမွှေးအကြိုင် သည် ငါ တို့အားဖြင့် အရပ်ရပ် တို့၌ နှံ့ပြား စေခြင်းငှာ၎င်း၊ ပြုတော်မူသောဘုရားသခင် ၏ ကျေးဇူး တော်ကို ချီးမွမ်းခြင်းရှိစေသတည်း။