တမန်တော်ဝတ္ထု 28:8
ပုဗလိ မင်း၏အဘ သည်ဖျားနာ နှင့် ဝမ်းကျသွေးသွန်နာ စွဲ ၍၊ တုံးလုံး နေသည်ကို ပေါလု ဝင် ၍ ဆုတောင်း ပြီးမှ၊ သူ့ အပေါ်၌ လက် တင် ၍ အနာ ကို ငြိမ်းစေ၏။
မြန်မာကျမ်းစာ
In The King James Version
In Context
9ဤသို့ ပြု သောကြောင့်၊ ထိုကျွန်း ၌ အနာ ရောဂါစွဲ သောအခြား သူရှိသမျှတို့သည် လာ ၍ ချမ်းသာ ခြင်းကို ရကြ၏။
Cross References
1 Kings 17:20အကျွန်ုပ် ၏ ဘုရားသခင် ထာဝရဘုရား ၊ အကျွန်ုပ် တည်းခို သော ဤမုတ်ဆိုးမ ၌ ဘေးဥပဒ် ပြု၍၊ သူ ၏သား ကို သေ စေတော်မူမည်လောဟု ထာဝရဘုရား ကို ကြွေးကြော် လေ၏။
Matthew 10:1တစ်ကျိပ် နှစ်ပါးသော တပည့် တော်တို့ကိုခေါ် တော်မူပြီးမှ ၊ ညစ်ညူး သောနတ် တို့ကို နှင်ထုတ် ခြင်းငှာ၎င်း ၊ အနာ ရောဂါအမျိုးမျိုး တို့ကို ငြိမ်း စေခြင်းငှာ၎င်း အခွင့် ပေး တော်မူ၏။
Mark 1:30ရှိမုန် ၏ယောက္ခမ သည် ဖျားနာ စွဲ၍ တုံးလုံး နေသည်အကြောင်း ကို အလျင်အမြန် လျှောက် ကြ၏။
Mark 6:5မကျန်းမမာ သောသူအချို့ပေါ်မှာလက် တော်ကိုတင် ၍ အနာကိုငြိမ်း စေခြင်းမှတစ်ပါး အဘယ် တန်ခိုး တော်ကိုမျှ ထို အရပ်၌ ပြ တော်မ မူနိုင် ။
Mark 16:18မြွေ တို့ကို ဘမ်းကိုင် ကြလတံ့။ သေ စေတတ် သော အဆိပ်အတောက် ကို သောက် စားလျှင် ဘေးဥပဒ် နှင့် ကင်းလွတ် ကြလတံ့။ မကျန်းမမာ သောသူတို့အပေါ်မှာ လက် ကိုတင် ၍ ချမ်းသာ ပေးကြလတံ့ ဟု မိန့်တော်မူ၏။
Luke 9:1တစ်ကျိပ် နှစ်ပါးသော တပည့် တော်တို့ကို စုဝေး စေတော်မူပြီးမှ ၊ နတ်ဆိုး အပေါင်း တို့ကို နိုင်သောတန်ခိုး နှင့် အနာ ရောဂါတို့ကို ငြိမ်း စေခြင်းငှာအခွင့် တန်ခိုးကို ပေး တော်မူ၏။