တမန်တော်ဝတ္ထု 4:30
အနာ ရောဂါငြိမ်းစေခြင်းငှာ လက် တော်ကို ဆန့် တော်မူ၍၊ သန့်ရှင်း သော သား တော်ယေရှု ၏ နာမ တော်အားဖြင့် နိမိတ် လက္ခဏာ၊ အံ့ဘွယ် သောအမှုတို့ကို ဖြစ် စေတော်မူစဉ်တွင်၊ ကိုယ်တော် ၏ ကျွန် တို့ သည် နှုတ်ကပတ် တရားတော်ကို ရဲရင့် စွာ ဟောပြော ပါမည် အကြောင်း ကယ်မ သနားတော်မူပါဟု ဆုတောင်း ကြ၏။
မြန်မာကျမ်းစာ
In The King James Version
In Context
29အိုထာဝရ ဘုရား၊ ယခု အခါထိုသူ တို့၏ ခြိမ်းချောက် ခြင်းကို မှတ် တော်မူပါ။
Cross References
Exodus 6:6ထိုကြောင့်ဣသရေလ အမျိုးသားတို့အား ပြောရသောစကားဟူမူကား၊ ငါ သည် ထာဝရဘုရား ဖြစ်၏။ ငါသည်လည်း သင်တို့ကို အဲဂုတ္တု လူတို့လက် မှ လွှတ် ၍ ၊ သူ တို့၏ ညှဉ်းဆဲ ခြင်းထဲက နှုတ်ယူ မည်။ လက် ဆန့် ခြင်း၊ ကြီးစွာ သော ဒဏ်ခတ် ခြင်းအားဖြင့် သင် တို့ကို ငါရွေး မည်။
Jeremiah 15:15အို ထာဝရဘုရား ၊ ကိုယ်တော် သည် သိ တော်မူ ၏။ အကျွန်ုပ် ကို အောက်မေ့ လျက် အကြည့်အရှု ကြွလာ၍ ၊ အကျွန်ုပ် ကို ညှဉ်းဆဲ သောသူတို့ကို တရားသဖြင့်ဒဏ်ပေး တော်မူပါ။ သူတို့ကိုသည်းခံ ၍၊ အကျွန်ုပ် ကို သုတ်သင် ပယ်ရှင်းတော်မ မူပါနှင့်။ အကျွန်ုပ် သည် ကိုယ်တော် အတွက် ကဲ့ရဲ့ ခြင်း ခံရ ကြောင်း ကို အောက်မေ့ တော်မူပါ။
Luke 9:54ထိုအကြောင်းကို တပည့် တော်ယာကုပ် ၊ ယောဟန် တို့သည်မြင် လျှင် ၊ သခင် ၊ ဧလိယပြုသကဲ့သို့အကျွန်ုပ်တို့သည် ကောင်းကင် မှ မီး ကျ စေ၍ ထိုသူ တို့ကို လောင် စေခြင်းငှာအလိုရှိ တော်မူသလောဟု လျှောက် ကြသော်၊
John 4:48ယေရှု ကလည်း၊ သင်တို့သည်နိမိတ် လက္ခဏာနှင့် အံ့ဖွယ် သောအမှုတို့ကို မ မြင် ရလျှင် ယုံ ခြင်းမ ရှိကြဟု မိန့် တော်မူသော်၊
Acts 2:43လူ အပေါင်း တို့သည်ကြောက်လန့် ခြင်းရှိသည်ဖြစ် ၍ တမန်တော် တို့သည် များစွာ သောနိမိတ် လက္ခဏာ၊ အံ့ဘွယ် သောအမှုတို့ကို ပြု ကြ၏။
Acts 3:16ထိုသခင်ကို ယုံကြည် ခြင်းအားဖြင့် ထိုသခင် ၏နာမ တော်သည် သင်တို့သိ မြင် သော ဤသူ အား အစွမ်း ကို ပေးတော်မူပြီ။ ထိုသခင် ကြောင့် ရသော ယုံကြည် ခြင်းသည် သင် တို့မျက်မှောက် တွင် ဤသူ ၌စေ့ စုံခြင်း အခွင့်ကိုပေး ၍ရှိလေပြီ။