တမန်တော်ဝတ္ထု 6:14
ထိုနာဇရက် မြို့သားယေရှု သည် ဤ အရပ် ဌာန တော်ကို ဖျက်ဆီး ၍၊ ငါ တို့အား မောရှေအပ်ပေး သော ထုံးနည်း ဥပဒေကို ပြောင်းလဲ စေမည်ဟု ဤသူ ဆို သည်ကို အကျွန်ုပ်တို့သည် ကြား ရပါပြီဟုသက်သေခံ ကြ၏။
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
Isaiah 66:1ထာဝရဘုရား မိန့် တော်မူသည်ကား ၊ ကောင်းကင် ဘုံသည် ငါ့ ပလ္လင် ဖြစ်၏။ မြေကြီး သည် ငါ့ ခြေ တင် ရာခုံ ဖြစ်၏။ အဘယ်သို့ သော ဗိမာန် ကို ငါ့ အဘို့ တည် ဆောက်ကြမည်နည်း။ အဘယ် အရပ်သည် ငါ ကျိန်းဝပ် ရာအရပ် ဖြစ်မည်နည်း။
Jeremiah 7:4ဤသည်ကား၊ ထာဝရဘုရား ၏ ဗိမာန် တော်၊ ထာဝရဘုရား ၏ ဗိမာန် တော်၊ ထာဝရဘုရား ၏ ဗိမာန် တော်ဖြစ်သတည်းဟု မုသာ စကား ကို ပြော သောသူတို့၌ မ မှီဝဲ ကြနှင့်။
Jeremiah 26:12ယေရမိ ကလည်း ၊ သင်တို့ကြား သမျှ အတိုင်း၊ ဤ အိမ် တော်နှင့် ဤ မြို့ တော်ကို ဆန့်ကျင် ဘက်ပြု၍ ဟော ပြောစေခြင်းငှါ ၊ ထာဝရဘုရား သည် ငါ့ ကို စေလွှတ် တော်မူပြီ။
Daniel 9:26ထိုသိတင်းခြောက် ဆယ်နှစ် သိတင်း လွန် ပြီးမှ၊ ခရစ်တော်သည် အခွင့်မ ရဘဲအသေ သတ်ခြင်းကိုခံရလိမ့်မည်။ ထိုနောက်မှလာသော သခင် ၏ လူ တို့သည် မြို့ တော်ကို၎င်း ၊ သန့်ရှင်း ရာဌာနကို၎င်း ဖြိုဖျက် ကြ လိမ့်မည်။ ရေ လွှမ်းမိုးသော အားဖြင့် ဆုံးရှုံးခြင်းဖြစ်လိမ့်မည်။ အဆုံး တိုင်အောင် စစ်တိုက် ခြင်း၊ ပျက်စီး ရာနှင့်ဆိုင်သော စီရင် ဆုံးဖြတ်ခြင်းရှိလိမ့်မည်။
Micah 3:12ထိုကြောင့် ၊ သင် တို့အတွက် ဇိအုန် တောင်သည် လယ် ကဲ့သို့ ထွန် ခြင်းကိုခံရလိမ့်မည်။ ယေရုရှလင် မြို့ သည်လည်း မြေပုံ များဖြစ် လိမ့်မည်။ ဗိမာန် တော်တောင် သည်လည်း ၊ တော တောင် ကဲ့သို့ဖြစ်လိမ့်မည်။
Zechariah 14:2ယေရုရှလင် မြို့ကို တိုက် စေခြင်းငှါ ၊ လူမျိုး အပေါင်း တို့ကို ငါစုဝေး စေမည်။ မြို့ ကို တိုက် ယူပြီးလျှင် ၊ အိမ် တို့ကို လုယက် ၍ မိန်းမ တို့ကို အဓမ္မ ပြုကြလိမ့်မည်။ မြို့ သားတဝက် ကို သိမ်း သွား၍ တဝက် သာမြို့ ၌ ကျန်ကြွင်းလိမ့်မည်။