တမန်တော်ဝတ္ထု 6:5
ထို စကားကိုလူအစုအဝေး အပေါင်း တို့သည် နှစ်သက် ကြသဖြင့်၊ ယုံကြည်ခြင်းနှင့် ၎င်း၊ သန့်ရှင်း သော ဝိညာဉ် တော်နှင့်၎င်း ပြည့်စုံ သော သတေဖန် မှစ၍ ဖိလိပ္ပု ၊ ပြောခေါ် ၊ နိကနော် ၊ တိမုန် ၊ ပါမေန ၊ ယုဒဘာသာဝင် သော အန္တိအုတ် မြို့သားနိကောလ တို့ကို ရွေးကောက် ၍ ၊
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
Proverbs 15:1ဖြည်းညှင်း သော စကား သည် စိတ် ကိုဖြေ တတ် ၏။ ကြမ်းတမ်း သောစကား မူကား ၊ အမျက် ကို နှိုးဆော် တတ်၏။
Proverbs 25:11လျောက်ပတ် သော စကား သည် ငွေ အပြောက်မှာ စီချယ် သော ရွှေ ရှောက်ချို သီးနှင့်တူ၏။
Matthew 23:15လျှို့ဝှက် သောကျမ်းပြု ဆရာ၊ ဖာရိရှဲ တို့၊ သင် တို့သည် အမင်္ဂလာ ရှိကြ၏။ အကြောင်းမူကား ၊ လူ တစ် ယောက်ကိုပင် ဘာသာ သွင်းခြင်းငှာကုန်းကြောင်း ရေကြောင်း ပတ်ပတ် လှည့်လည်၍ ဘာသာသွင်းပြီးသောသူ ကိုလည်း ၊ မိမိ တို့ထက် နှစ်ဆသောငရဲ သား ဖြစ် စေကြ၏။
Acts 6:8သတေဖန် သည် ကျေးဇူး တော်နှင့် ၎င်း၊ တန်ခိုး တော်နှင့် ၎င်း ပြည့်စုံ သဖြင့်၊ ကြီးစွာ သောနိမိတ် လက္ခဏာ၊ အံ့ဘွယ် သောအမှုတို့ကို လူ များရှေ့ မှာပြု လေ၏။
Acts 7:1ထိုအခါ ယဇ်ပုရောဟိတ် မင်းက၊ ဤ စကားမှန် သလောဟု မေး သည်ရှိသော်၊
Acts 11:19ထိုမှတပါး၊ သတေဖန် ၏အမှုကြောင့် ညှဉ်းဆဲ ခြင်းကိုခံရ၍ အရပ်ရပ်သို့ ကွဲပြား သောသူ တို့သည် ဖိနိတ် ၊ ကုပရု ၊ အန္တိအုတ် မြို့များသို့ တိုင်အောင်သွား၍၊ ယုဒ လူတို့အားသာ နှုတ်ကပတ် တရားတော်ကို ဟောပြော ကြ၏။