တမန်တော်ဝတ္ထု 7:41
ထို နေ့ရက် ကာလ၌ နွားသငယ် ကို လုပ်၍ ထိုရုပ်တု အား ယဇ်ပူဇော် သဖြင့် မိမိ တို့လက် နှင့် လုပ် သော အရာ၌ ပင် ပျော်မွေ့ ကြ၏။ အနာဂတ္တိ ကျမ်း ၌ လာ သည် ကား ၊
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
Exodus 32:2အာရုန် ကလည်း ၊ သင် တို့မယား သား သမီး များ၏ နား ၌ ဆင်သော ရွှေ နားတောင်း များကို ချွတ် ၍ ၊ ငါ့ ထံသို့ ဆောင် ခဲ့ကြဟုဆို လျှင်၊
Deuteronomy 9:12သင်သည် ထ ၍ အလျင် အမြန်ဆင်း သွားလော့။ အဲဂုတ္တု ပြည်မှ သင်နှုတ်ဆောင် ခဲ့သောသင် ၏ လူ တို့သည် ဖောက်ပြန် ၍ ၊ ငါမှာထား သော လမ်း မှ အလျင် အမြန်လွှဲ ၍၊ ရုပ်တု ကို သွန်း ကြပြီဟု မိန့် တော်မူ၏။
Psalms 106:19သူတို့သည် ဟောရပ် တောင်နား မှာ နွားသငယ် ကို လုပ် ၍ ၊ အရည် သွန်းသော ရုပ်တုကို ပြပ်ဝပ်ကိုးကွယ် ကြ၏။
Isaiah 44:9ရုပ်တု ဆင်းတုကို လုပ် သောသူအပေါင်း တို့သည် အချည်းနှီး သက်သက်ဖြစ်ကြ၏။ သူ တို့နှမြော သောအရာ တို့သည် အကျိုး ကို မ ပေးနိုင်ကြ။ ငါတို့သည် မ မြင် တတ်၊ နား မလည်တတ်ဟု ရှက် စရာအကြောင်းကို ကိုယ်တိုင် သက်သေခံ ကြ၏။
Hosea 9:10တော ၌ စပျစ်သီး ကဲ့သို့ ဣသရေလ အမျိုးကို ငါ တွေ့ ၏။ သီး စသော သင်္ဘော သဖန်းပင်၌ အဦးဆုံးမှည့် သော သင်္ဘောသဖန်းသီးကဲ့သို့သင် တို့ဘိုးဘေး များကို ငါမြင် ၏။ သူတို့သည် ကိုယ်အလိုအလျောက် ဗာလပေဂုရ ဘုရားထံသို့သွား ၍ ၊ ထိုရှက်ဘွယ် သော အရာအဘို့ ကိုယ်ကိုအပ်နှံ သဖြင့် တပ်မက် သည်အတိုင်း စက်ဆုပ် ရွံရှာဘွယ်သော အမှုတို့ကို ပြု ကြ၏။
Revelation 9:20ထို ဘေးဒဏ် ကြောင့် မ သေ ဘဲကြွင်း သော လူ တို့သည် နတ် တို့ကို၎င်း၊ မ မြင် နိုင် ၊ မ ကြား နိုင်၊ မ သွားလာ နိုင်သောရွှေ ရုပ်တု ၊ ငွေ ရုပ်တု၊ ကြေးနီ ရုပ်တု၊ ကျောက် ရုပ်တု၊ သစ်သား ရုပ်တုတို့ကို၎င်း မ ကိုးကွယ် ဘဲ နေခြင်းငှာ ၊ ကိုယ် လက် နှင့် လုပ် သော အရာများကို နောင်တ မ ရဘဲနေကြ၏။