တမန်တော်ဝတ္ထု 7:44
မောရှေမြင် ရသောပုံ နှင့်အညီ ၊ သက်သေခံ တော်မူချက် ဌာပနာ ရာတဲတော်ကို လုပ် ရမည်အကြောင်း အမိန့် တော်ရှိသောသူ မှာထား တော်မူသည်အတိုင်း ၊ ထိုတဲ တော်သည် တော တွင် ငါ တို့အဘ များ၌ ရှိ ၏။
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
Exodus 25:8ငါသည် သင် တို့တွင် ကျိန်းဝပ် ရာဘို့ သန့်ရှင်း ရာဌာနကို လုပ် ကြစေ။
Exodus 26:30တောင် ပေါ် မှာ သင့်အားပြ သော ပုံ နှင့်အညီ ၊ တဲ တော်ကို တည်ဆောက် ရမည်။
Numbers 1:50လေဝိ သားတို့အား သက်သေခံ ချက် တဲ တော်ကို၎င်း၊ တဲတော်တန်ဆာ ရှိသမျှ ကို ၎င်း၊ တဲ တော်နှင့်ဆိုင်သမျှ တို့ကို၎င်းအပ် ၍၊ သူတို့သည် တဲ တော်နှင့် တဲ တော်တန်ဆာ အလုံးစုံ ကို ဆောင်ရွက် ရကြမည်။ တဲ တော်မှုကိုလည်း ထမ်း ရကြမည်။ တပ်ချသောအခါ၊ တဲ တော်ပတ်လည် ၌ မိမိတို့နေရာ ချရကြမည်။
Numbers 10:11ဒုတိယ နှစ် ၊ ဒုတိယ လ အရက်နှစ်ဆယ် မြောက် သော နေ့ရက်၌၊ မိုဃ်းတိမ် သည် သက်သေခံ ချက်တဲ တော် မှ ကွာ မြောက်သည်ဖြစ်၍၊
Numbers 18:2သင် ၏ ဘိုးဘ အဆွေအမျိုး ၊ လေဝိ အမျိုးသား ညီအစ်ကို ချင်းတို့သည်၊ သင် နှင့်အတူ ကူညီ ၍ အမှု တော်ကို ဆောင်ရွက်စေခြင်းငှါခေါ် ထားလော့။ သို့ရာတွင် သင် နှင့်တကွ သင် ၏သား တို့သည်၊ သက်သေခံ ချက် တဲ တော်ရှေ့မှာ အမှုတော်ကို ဆောင်ရွက်ရကြမည်။
1 Chronicles 28:11ထိုအခါ အိမ်တော်ဦး ၊ အဆောင် ကြီး၊ ဘဏ္ဍာတိုက် ၊ အထက် ခန်း၊ အတွင်း ခန်း၊ သေတ္တာ တော်အဖုံး ထားရာ အခန်း ၏ ပုံကို၎င်း၊