တမန်တော်ဝတ္ထု 7:52
သင် တို့ဘိုးဘေး များသည် အဘယ် ပရောဖက် ကို မျှ မ ညှဉ်းဆဲ ဘဲ နေသနည်း။ ဖြောင့်မတ် သောသူ ကြွလာ တော်မူမည်အကြောင်း အရာကို ဟောပြော ပြညွှန်သော သူ တို့ကို ကွပ်မျက် ကြ၏။ ထို ဖြောင့်မတ်သောသူကိုပင် ယခု လည်း သင်တို့သည် အပ်နှံ ၍ အသေသတ် ကြပြီ။
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
1 Samuel 8:7ထာဝရဘုရား ကလည်း ၊ သင့် အား လူ များတို့ ပြော ဆိုသမျှ သော စကား ကို နားထောင် လော့။ သူတို့ သည် သင့် ကိုသာ မ ပယ် ၊ ငါသည် သူ တို့ကို မအုပ်စိုး စေခြင်းငှါငါ့ ကိုလည်းပယ် ကြပြီ။
1 Kings 19:14ဧလိယကလည်း၊ အကျွန်ုပ်သည် ကောင်းကင်ဗိုလ်ခြေ အရှင် ဘုရားသခင် ထာဝရဘုရား ဘက် ၌ အလွန် စိတ် အားကြီးပါပြီ။ အကြောင်း မူကား၊ ဣသရေလ အမျိုးသား တို့သည် ကိုယ်တော် ၏ပဋိညာဉ် တရားကို စွန့် ပြီးလျှင်၊ ကိုယ်တော် ၏ယဇ် ပလ္လင်များကို ဖြိုဖျက် ၍ ၊ ကိုယ်တော် ၏ ပရောဖက် များကို ထား နှင့် သတ် ကြပါပြီ။ အကျွန်ုပ် တယောက် တည်းကျန်ရစ် ၍ ၊ အကျွန်ုပ် အသက် ကိုပင် သတ် ခြင်းငှါ ရှာ ကြပါသည်ဟု လျှောက် လေသော်၊
2 Chronicles 36:16ဘုရားသခင် ၏ တမန် တို့ကို ပြက်ယယ် ပြု၍ အမိန့် တော်ကို နား မထောင်၊ ပရောဖက် တို့ကို ညှဉ်းဆဲသောကြောင့်၊ ထာဝရဘုရား ၏အမျက် တော် မ ငြိမ်း နိုင်အောင်၊ မိမိ လူမျိုး ကို ထွက် သဖြင့်၊
Jeremiah 2:30ငါသည်သင် တို့သား များကို အချည်းနှီး ဒဏ်ပေး ပြီ။ သူတို့သည် ဆုံးမ ခြင်းကို မ ခံ ကြ။ သင် တို့၏ ထား သည် လုယူဖျက်ဆီး တတ်သော ခြင်္သေ့ ကဲ့သို့ ၊ သင် တို့၏ ပရောဖက် များကို ဖျက်ဆီး လေပြီ။
Jeremiah 26:15သို့ရာတွင် ၊ ငါ့ ကိုသတ် လျှင် အပြစ် မရှိသောအသွေး ကို သင် တို့သည် ကိုယ် အပေါ် သို့၎င်း ၊ ဤ မြို့ နှင့် မြို့ သား တို့အပေါ် သို့၎င်း စင်စစ်ရောက် စေလိမ့်မည်ဟု ဧကန်အမှန် သိမှတ် ကြလော့။ ဤ စကား အလုံးစုံ တို့ကို သင် တို့အား ကြား ပြောမည်အကြောင်း၊ ထာဝရဘုရား သည် ငါ့ ကို စင်စစ် စေလွှတ် တော်မူပြီဟု မှူးမတ် အစ ရှိသောလူ များအပေါင်း တို့အား ပြော ဆိုလေ၏။
Zechariah 9:9အိုဇိအုန် သတို့သမီး ၊ အလွန် ဝမ်းမြောက် လော့။ အိုယေရုရှလင် မြို့သတို့သမီး ၊ ကြွေးကြော် ကြလော့။ တရား သဖြင့် စီရင်၍ ကယ်တင် ခြင်းသို့ ရောက်သော သခင် ၊ သင် ၏အရှင် မင်းကြီးသည် မြည်းမ နှင့် မြည်း ကလေး ကို စီး ၍ နူးညံ့ သိမ်မွေ့သောစိတ် နှင့် သင် ရှိရာသို့ ကြွ လာတော်မူသည်ကို ကြည့်ရှု လော့။