တမန်တော်ဝတ္ထု 7:51
လည်ပင်း ခိုင်မာ၍ နှလုံး ဖြင့်၎င်း ၊ နား ဖြင့်၎င်း အရေဖျားလှီး ခြင်းကို မခံသောလူတို့၊ သင် တို့သည် သန့်ရှင်း သော ဝိညာဉ် တော်ကို အစဉ်မပြတ် ဆန့်ကျင်ဘက် ပြုလေ့ရှိကြ၏။ သင် တို့ဘိုးဘေး များ၏ အလေ့နှင့် သင် တို့အလေ့တူ ၏။
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
Exodus 32:9ဤ လူမျိုး ကို ငါကြည့် မြင်ပြီ။ လည်ပင်း ခိုင်မာ သောအမျိုး ဖြစ်၏။
Exodus 33:5အကြောင်း မူကား၊ ထာဝရဘုရား က၊ သင်သည် ဣသရေလ အမျိုးသား ကို ဆင့်ဆို ရမည်မှာ၊ သင် တို့သည် လည်ပင်း ခိုင်မာ သော အမျိုး ဖြစ်ကြ၏။ သင်တို့အလယ် ၌ ချက်ချင်း ငါပေါ်လာ ၍ ဖျက်ဆီး မည်။ ထို့ကြောင့်သင် တို့၌ အဘယ်သို့ ငါပြု ရမည်ကို ငါသိ ခြင်းငှါ၊ သင် တို့တန်ဆာ များကို ချွတ် ကြလော့ဟု မောရှေ အား မိန့် တော်မူနှင့်သတည်း။
Leviticus 26:41ငါ သည် သူ တို့ကို ဆန့်ကျင် ဘက်ပြု၍ ရန်သူ ပြည် သို့ ပို့ဆောင် သော အကြောင်းများနှင့်တကွ၊ ကိုယ် အပြစ် ၊ ဘိုးဘ တို့ အပြစ် များကို ဘော်ပြ တောင်းပန်လျှင်၎င်း၊ အရေဖျား လှီးခြင်းကို မခံသော မိမိ တို့ နှလုံး ကို နှိမ့်ချ ၍ ၊ မိမိ တို့အပြစ် ကြောင့် ခံရသောဒဏ်ကို ဝန်ခံလျှင်၎င်း၊
Deuteronomy 9:13တဖန် ထာဝရဘုရား က၊ ဤ လူမျိုး ကို ငါကြည့် မြင်ပြီ။ လည်ပင်း ခိုင်မာ သော အမျိုး ဖြစ်၏။
Deuteronomy 30:6သင် သည် အသက်ရှင် မည်အကြောင်း ၊ သင် ၏ ဘုရားသခင် ထာဝရဘုရား ကို စိတ်နှလုံး အကြွင်းမဲ့ ချစ် စေခြင်းငှာ ၊ သင့် နှလုံး နှင့် သင့် အမျိုး ၏ နှလုံး အရေဖျား ကို လှီးဖြတ်တော်မူလိမ့်မည်။
2 Chronicles 30:8သင် တို့အဘ များကဲ့သို့ ခိုင်မာ သောသဘော မ ရှိကြနှင့်။ ထာဝရဘုရား ၌ ကိုယ်ကို အပ်နှံ ကြလော့။ အစဉ် သန့်ရှင်း စေတော်မူသော သန့်ရှင်း ရာဌာနတော်သို့ လာ ကြလော့။ ပြင်းစွာ သော အမျက် တော်သည် သင် တို့မှ လွှဲ သွားမည်အကြောင်း ၊ သင် တို့၏ဘုရားသခင် ထာဝရဘုရား ၏အမှု တော်ကို စောင့်ကြလော့။