တမန်တော်ဝတ္ထု 9:4
ရှောလုသည် မြေ ပေါ်မှာ လဲ ၍ နေစဉ်၊ ရှောလု ၊ ရှောလု ၊ အဘယ်ကြောင့် ငါ့ ကိုညှဉ်းဆဲ သနည်းဟု မိမိ အား ပြော သောစကား သံကို ကြား လျှင်၊
မြန်မာကျမ်းစာ
In The King James Version
And he fell to the earth, and heard a voice saying unto him, Saul, Saul, why persecutest thou me?
In Context
Cross References
Genesis 3:9ထာဝရ အရှင် ဘုရား သခင်ကလည်း ၊ သင် သည် အဘယ် မှာရှိသနည်းဟု၊ လူ ကိုခေါ် တော်မူ၏။
Genesis 22:11ထိုအခါ ၊ ထာဝရဘုရား ၏ ကောင်းကင် တမန်က၊ အာဗြဟံ ၊ အာဗြဟံ ဟု ကောင်းကင် ပေါ်က ခေါ် လေ၏။ အာဗြဟံ က၊ အကျွန်ုပ် ရှိ ပါ၏ဟု လျှောက် လျှင်၊
Numbers 16:45ဤ ပရိသတ် တို့ကိုရှောင် ၍ နေကြလော့။ ငါသည် သူ တို့ကို ချက်ခြင်း ဖျက်ဆီး မည်ဟု မောရှေ အား မိန့် တော်မူလျှင် ၊ သူတို့သည် ပြပ်ဝပ် လျက် နေကြ၏။
Zechariah 2:8ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား ၊ သင် တို့ကို ဖျက်ဆီး သောလူမျိုး တို့ ရှိရာသို့ ဘုန်း ထင်ရှားပြီးမှ ငါ့ ကို စေလွှတ် တော်မူ၏။ သင် တို့ကို ထိ သောသူသည် မျက် ဆန် တော်ကို ထိ သောသူဖြစ်၏။
Matthew 25:45မင်းကြီးက၊ ငါအမှန် ဆို သည်ကား၊ သင်တို့သည် ဤ သူ တို့တွင် အငယ်ဆုံး သောသူ တစ်ယောက်အား မ ပြု သမျှ တို့ကို ငါ့ အား မ ပြု ကြပြီဟုပြန်၍မိန့် တော်မူလတံ့။
John 18:6ငါ သည် ထို သူဖြစ်၏ဟု မိန့်တော်မူလျှင်၊ ထိုသူ တို့သည် နောက် သို့ လှန် ၍ မြေ ပေါ်၌လဲ ကြ၏။