Amos 1:13
တဖန် ထာဝရဘုရား မိန့် တော်မူသည်ကား ၊ အမ္မုန် ပြည်သား တို့သည် မိမိ တို့နေရာ ကို ကျယ် စေခြင်းငှါ ၊ ကိုယ်ဝန် ဆောင်သော ဂိလဒ် ပြည်သူမိန်းမတို့၏ ဝမ်းကိုခွဲ သောအပြစ် သုံး ပါးမက ၊ အပြစ်လေး ပါးကြောင့် ငါသည် ဒဏ် မ ပေးဘဲမနေ။
မြန်မာကျမ်းစာ
In The King James Version
In Context
12တေမန် မြို့အပေါ် သို့ မီး ကိုလွှတ် ၍ ၊ ဗောဇရ မြို့၏ ဘုံ ဗိမာန်တို့ကို လောင် စေမည်။
Cross References
Deuteronomy 2:19အမ္မုန် အမျိုးသား တို့အနီးသို့ ရောက် သောအခါ သူ တို့ကိုမ နှောင့်ရှက် နှင့်၊ အလျှင်းမ ပြု နှင့်။ အမ္မုန် အမျိုးသား နေသောပြည် ကို သင့် အား ငါအပိုင် မ ပေး ၊ ထိုပြည် ကို လောတ အမျိုးသား တို့အား ငါအပိုင် ပေး ပြီဟု ငါ့ အား မိန့် တော်မူ၏။
Judges 10:7ထာဝရဘုရား သည် ဣသရေလ အမျိုးကို အမျက် ထွက် ၍ ဖိလိတ္တိ လူတို့၌ ၎င်း၊ အမ္မုန် အမျိုးသားတို့၌ ၎င်း၊ ရောင်း တော်မူသဖြင့်၊
1 Samuel 11:1ထိုနောက်မှ အမ္မုန် အမျိုးသားနာဟတ် သည်လာ ၍ ဂိလဒ်ပြည်ယာဗက်မြို့အနား မှာ တပ်ချ လျှင် ၊ မြို့သား အပေါင်း တို့က အကျွန်ုပ် တို့နှင့် မိဿဟာယ ဖွဲ့တော်မူပါ။ ကိုယ်တော် ထံ၌ကျွန် ခံပါမည်ဟု နာဟတ် မင်းအား လျှောက်သော်လည်း၊
2 Samuel 12:31မြို့သား တို့ကိုလည်း ထုတ်ဆောင် ၍ လွှ တိုက်မှု၊ သံ ထွန် ၊ သံ ပုဆိန် နှင့်အလုပ်မှုကို လုပ်စေ၍ အုတ်ဖို ၌ လည်း ကျင်လည်စေ၏။ ထိုသို့ ဒါဝိဒ်သည် အမ္မုန် မြို့ သူရွာသား အပေါင်း တို့၌ ပြု ပြီးမှ ၊ လူ အပေါင်း တို့နှင့်အတူယေရုရှင်လင် မြို့သို့ ပြန် လေ၏။
2 Kings 15:16ထိုအခါ မေနဟင် သည် တိဖသ မြို့နှင့် မြို့သား များ၊ တိရဇ မြို့ အလွန်တိဖသမြို့ နယ်များတို့ကို လုပ်ကြံ ၏။ မြို့တံခါးကို သူ့အား မ ဖွင့် သောကြောင့် လုပ်ကြံ ၍ ကိုယ်ဝန် ဆောင်သော မိန်းမအပေါင်း တို့၏ ဝမ်းကို ခွဲ လေ၏
2 Chronicles 20:1ထိုနောက်မှ ၊ မောဘ အမျိုးသား နှင့် အမ္မုန် အမျိုးသား တို့သည် ဧဒုံအမျိုးသားအချို့နှင့်တကွ ၊ ယောရှဖတ် ကို စစ်တိုက် မည်ဟု ချီလာ ကြ၏။