Amos 2:11
သင် တို့သား အချို့ကို ပရောဖက် အရာ၊ လုလင် အချို့ကို နာဇရိ လူအရာ ၌ ငါခန့်ထား ပြီ။ အိုဣသရေလ အမျိုးသား တို့၊ ဤ စကားမှန် သည် မဟုတ် လောဟု ထာဝရဘုရား မေး တော်မူ၏။
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
Numbers 6:2သင်သည် ဣသရေလ အမျိုးသား တို့အား ဆင့်ဆို ရမည်မှာ၊ ယောက်ျား ဖြစ်စေ ၊ မိန်းမ ဖြစ်စေ၊ ထာဝရဘုရား အဘို့ မိမိကိုခြားနား စေ၍ နာဇရိ သစ္စာ ပြုခြင်းငှါ ၊ မိမိကို မိမိခွဲထားသောအခါ၊
Judges 13:4သို့ဖြစ်၍ သတိပြု လော့။ စပျစ်ရည် ကို မ သောက် နှင့်။ သေရည် သေရက်ကို မသောက်နှင့်။ မ စင်ကြယ်သော အစာကို မ စား နှင့်။
1 Samuel 3:20သူသည် ထာဝရဘုရား ၏ ပရောဖက် စစ် ဖြစ်ကြောင်း ကို ဣသရေလ အမျိုးသားအပေါင်း တို့သည်၊ ဒန် မြို့မှစ၍ ဗေရရှေဘ မြို့တိုင်အောင် သိ ကြ၏။
1 Kings 17:1ဂိလဒ် ပြည် တိရှဘိ မြို့သားဧလိယ က၊ ငါကိုးကွယ် သော ဣသရေလ အမျိုး၏ ဘုရားသခင် ထာဝရဘုရား အသက် ရှင်တော်မူသည်အတိုင်း၊ ငါ့အခွင့်မရှိဘဲ အင်တန်ကာလ ပတ်လုံးမိုဃ်း မ ရွာ၊ နှင်း မကျရဟု အာဟပ် မင်းအား မြွက်ဆို ၏။
1 Kings 19:16နိမ်ရှိ သား ယေဟု ကို ဣသရေလ ရှင်ဘုရင် အရာ ၌ ခန့်ထား၍ ဘိသိက် ပေးလော့။ အာဗေလမဟောလ မြို့နေ၊ ရှာဖတ် သား ဧလိရှဲ ကို သင့် ကိုယ်စား ပရောဖက် အရာ ၌ ခန့်ထား၍ ဘိသိက် ပေးလော့။
1 Kings 20:35ပရောဖက် အမျိုးသား တယောက် က၊ ငါ့ ကို ရိုက် ပါလော့ဟု ထာဝရဘုရား ၏ နှုတ်ကပတ် တော် အတိုင်း အိမ်နီးချင်း အား ဆို ၏။ ထိုသူက ငါမရိုက် ပါဟု ငြင်းပယ် ၏။