The Bible Software
Amos · မြန်မာကျမ်းစာ

Amos 2

1တဖန် ထာဝရဘုရား မိန့် တော်မူသည်ကား ၊ မောဘ ပြည်သည် ဧဒုံ ရှင်ဘုရင် ၏ အရိုး တို့ကို ထုံး ဖြစ် စေခြင်းငှါမီး နှင့် ဖုတ်သောအပြစ် သုံး ပါးမက ၊ အပြစ်လေး ပါးကြောင့် ငါသည်ဒဏ် မ ပေးဘဲမနေ။

2မောဘ ပြည်အပေါ် သို့ မီး ကိုလွှတ် ၍ ၊ ကေရုတ် မြို့၏ဘုံ ဗိမာန်တို့ကို လောင် စေမည်။ ကြီးသော အသံ ဗလံ ပြုခြင်း၊ အော်ဟစ် ခြင်း၊ တံပိုး မှုတ်ခြင်းနှင့်တကွ မောဘ ပြည်သည် ဆုံးရှုံး ရလိမ့်မည်။

3မောဘ ပြည်အလယ် ၌ တရားသူကြီး ကို ငါပယ်ဖြတ် ၍ ၊ သူ နှင့်တကွ မှူးမတ် အပေါင်း တို့ကို ကွပ်မျက် မည်ဟု ထာဝရဘုရား မိန့် တော်မူ၏။

4တဖန် ထာဝရဘုရား မိန့် တော်မူသည်ကား ၊ ယုဒ အမျိုးသည် ထာဝရဘုရား စီရင် တော်မူချက်တို့ကို မ စောင့် ၊ ပညတ် တရားတော်ကို စွန့်ပစ် ၍ ၊ ဘိုးဘေး တို့ လိုက် ဘူးသော မိစ္ဆာဒိဌိ အားဖြင့် မှားယွင်း သော အပြစ် သုံး ပါးမက ၊ အပြစ်လေး ပါးကြောင့် ငါသည်ဒဏ် မ ပေးဘဲမနေ။

5ယုဒ ပြည်အပေါ် သို့ မီး ကိုလွှတ် ၍ ၊ ယေရုရှလင် မြို့၏ ဘုံ ဗိမာန်တို့ကို လောင် စေမည်။

6တဖန် ထာဝရဘုရား မိန့် တော်မူသည်ကား ၊ ဣသရေလ အမျိုးသည် ဖြောင့်မတ် သောသူကို ငွေ နှင့် ၎င်း ၊ ဆင်းရဲ သောသူကို ခြေနင်း တရံနှင့် ၎င်း ရောင်း သောအပြစ် ၊

7ဆင်းရဲ သောသူတို့ ၏ခေါင်း ကို မြေမှုန့် နှင့် ဖုံးလွှမ်းစေခြင်းငှါအလွန်အလိုကြီး၍၊ နှိမ့်ချ သောသူကို မတရားသဖြင့် စီရင်သောအပြစ်၊ ငါ ၏နာမ မြတ် ကို ရှုတ်ချ ခြင်းငှါ အဘ နှင့် သား သည် တဦးတည်းသောမိန်းမ ကို ပေါင်းဘော်သောအပြစ်၊

8ပေါင် ထားသောအဝတ် ကို ခပ်သိမ်း သော ယဇ် ပလ္လင်တို့အနား ၌ ခင်း ၍အိပ်သောအပြစ်၊ လျော်ပြစ်ငွေကို ဝယ်သောစပျစ်ရည် ကို သူတို့ဘုရား၏အိမ်၌ သောက်သောအပြစ်သုံးပါးမက၊ အပြစ်လေးပါးကြောင့် ငါသည် ဒဏ်မပေးဘဲမနေ။

9အာရဇ် ပင်အရပ် နှင့်အမျှ မြင့် ၍ သပိတ် ပင်ကဲ့သို့ ခိုင်မာ သောအာမောရိ အမျိုးကို သင်တို့ရှေ့ မှာ ငါ ပယ်ရှား ၍၊ အထက် ၌ သူ ၏အသီး ကို၎င်း ၊ အောက် ၌ သူ ၏အမြစ် ကို၎င်းငါ ဖျက်ဆီး ပြီ။

10သင် တို့ကို အဲဂုတ္တု ပြည် မှ နှုတ်ယူ ၍ အာမောရိ ပြည် ကို ဝင်စား စေခြင်းငှါ ၊ အနှစ် လေးဆယ် ပတ်လုံးတော ၌ ပို့ဆောင် ပြီ။

11သင် တို့သား အချို့ကို ပရောဖက် အရာ၊ လုလင် အချို့ကို နာဇရိ လူအရာ ၌ ငါခန့်ထား ပြီ။ အိုဣသရေလ အမျိုးသား တို့၊ ဤ စကားမှန် သည် မဟုတ် လောဟု ထာဝရဘုရား မေး တော်မူ၏။

12သင်တို့မူကား ၊ နာဇရီ လူသောက် ဘို့ စပျစ်ရည် ကိုပေးကြပြီ။ ပရောဖက် တို့ကိုလည်း ၊ ပရောဖက် ပြု၍ မ ဟော ကြနှင့်ဟု မြစ်တား ကြပြီ။

13ထိုကြောင့်၊ လှည်း သည် အပြည့် တင်သော ကောက်လှိုင်း ၏ဖိစီး ခြင်းကိုခံရသကဲ့သို့ ၊ သင် တို့၏နေရာ အရပ်ကို ငါ ဖိစီး မည်။

14အပြေး ကောင်းသောသူသည် ပြေး သောအခွင့်ကို မရ။ ခွန်အား ကြီးသောသူသည် မိမိ ခွန်အား ကို ထုတ် ရ သောအခွင့်မ ရှိရ။ သူရဲ သည် ကိုယ်ကို မ ကယ်လွှတ် ရ။

15လေး ကိုကိုင် သောသူသည်မ ရပ် ရ။ လျင်မြန် သောခြေ သည် သူရဲသည် ကိုယ်ကို မ ကယ်လွှတ် ရ။ မြင်းစီး သူရဲသည်လည်း ကိုယ်ကို မ ကယ်လွှတ် ရ။

16ရဲရင့် သော သူရဲ သည် ထိုနေ့ ၌ အဝတ် မပါဘဲ ပြေး သွားရလိမ့်မည်ဟု ထာဝရဘုရား မိန့် တော်မူ၏။

← Amos 1Read In The App, Free →Amos 3 →

Study Amos 2

KJVMatthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschScofieldFamily Bible NotesGeneva Bible Notes (1599)Reina-Valera (Español)Bíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)

All Chapters

123456789