Amos 2:6
တဖန် ထာဝရဘုရား မိန့် တော်မူသည်ကား ၊ ဣသရေလ အမျိုးသည် ဖြောင့်မတ် သောသူကို ငွေ နှင့် ၎င်း ၊ ဆင်းရဲ သောသူကို ခြေနင်း တရံနှင့် ၎င်း ရောင်း သောအပြစ် ၊
မြန်မာကျမ်းစာ
In The King James Version
In Context
5ယုဒ ပြည်အပေါ် သို့ မီး ကိုလွှတ် ၍ ၊ ယေရုရှလင် မြို့၏ ဘုံ ဗိမာန်တို့ကို လောင် စေမည်။
Cross References
2 Kings 18:12အကြောင်း မူကား၊ သူတို့သည်မိမိ တို့ဘုရား သခင် ထာဝရဘုရား ၏ စကား တော်ကို နား မ ထောင်၊ ဖွဲ့တော်မူသောပဋိညဉ် ကို၎င်း၊ ထာဝရဘုရား ၏ကျွန် မောရှေ မှာ ထားသမျှ ကို၎င်း၊ အမှု မ ထားလွန်ကျူး ကြ၏
Isaiah 10:2ငါ ၏လူမျိုး တွင် ဆင်းရဲ သားတို့၏ အခွင့် အရာကို ရုပ်သိမ်း ခြင်းငှါ ၎င်း၊ မုတ်ဆိုးမ တို့ကို ညှဉ်းဆဲ၍၊ မိဘ မရှိသောသူတို့၏ ဥစ္စာကိုလုယူ ခြင်းငှါ၎င်း၊ မတရား သဖြင့်စီရင် သောသူ၊ ကျပ်တည်း စွာသော မှတ်ချက် ကို မှတ်သား သော စာရေးတို့သည် အမင်္ဂလာ ရှိကြ၏။
Ezekiel 23:5အဟောလ သည် ငါ ၏ခင်ပွန်းဖြစ်စဉ်အခါ၊ မတရား သောမေထုန် ကိုပြု၏။
Hosea 4:11အကြောင်း မူကား စိတ် နှလုံးကို ယစ်မူး စေတတ် သော ကာမ ဂုဏ်၌ ပျော်မွေ့ခြင်း၊ စပျစ်ရည် နှင့် သေရည် သေရက်ကို သောက် ခြင်း၌ မှီဝှဲသောကြောင့် ၊ ထာဝရဘုရား ကို စွန့်ပစ် ကြပြီ။
Hosea 8:4သူ တို့သည် ငါ ၏အခွင့်မ ရှိဘဲ ကိုယ်အလို အလျောက်ရှင်ဘုရင်တို့ကို ချီးမြှောက် ကြပြီ။ ငါမ သိရ ဘဲ မင်းတို့ကို ခန့်ထား ကြပြီ။ ကိုယ်အကျိုးနည်း စေခြင်းငှါ ၊ ကိုယ် ရွှေ ငွေ နှင့် ကိုယ် အဘို့ ရုပ်တု များကိုလုပ် ကြပြီ။
Joel 3:3သူတို့သည် ငါ ၏လူ တို့အဘို့ စာရေးတံ ချ ကြပြီ။ လူ ကလေးကို ပြည်တန်ဆာ နှင့် ၎င်း ၊ မိန်းမ ကလေးကို မိမိသောက် စရာ စပျစ်ရည် နှင့် ၎င်း ဖယ်လှယ် ကြပြီ တကား။