Amos 4:1
ဆင်းရဲ သောသူတို့ကို ညှဉ်းဆဲ လျက်၊ ငတ်မွတ် သောသူတို့ကိုနှိပ်စက် လျက်၊ မိမိ သခင် တို့အား ငါတို့ သောက် ဘို့ယူခဲ့ ကြဟုဆို တတ်လျက်၊ ရှမာရိ တောင် ပေါ်မှာ နေသောဗာရှန် နွား တို့၊ ဤ စကား တော်ကိုနားထောင် ကြလော့။
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
Exodus 22:21တပြည်တနိုင်ငံသားဖြစ်သော ဧည့်သည် ကို မ နှောင့်ရှက် မ ညှဉ်းဆဲ ရ။ သင်တို့သည် အဲဂုတ္တု ပြည် ၌ ဧည့်သည် ဖြစ် ကြဘူးပြီ။
Deuteronomy 15:9သင့် စိတ် နှလုံး၌ ဆိုးညစ် သော သဘော ရှိ ၍ ၊ သတ္တမ နှစ် တည်းဟူသောလွှတ်ရာနှစ်နီးပြီဟု အောက်မေ့လျက်၊ ထိုဆင်းရဲသော ညီအစ်ကိုကို မနာလိုသောစိတ်ရှိ ၍၊ ဘာမျှမပေးဘဲနေလျှင် သူ သည်ထာဝရဘုရား အား အော်ဟစ် သဖြင့် ၊ သင် ၌ အပြစ် မ ရောက် မည်အကြောင်း သတိ ပြုလော့။
Deuteronomy 32:14သိုးသငယ် ဆီဥ ၊ ဗာရှန် အမျိုး ၏သိုး ထီး၊ ဆိတ် ထီး ဆီဥ၊ ဂျုံ စပါး၊ ကျောက်ကပ် ဆီဥ နှင့်တကွ နွား နို့ဓမ်း နှင့် သိုး နို့ ကို၎င်းစို့မည်အကြောင်းစီရင်တော်မူ၍၊ သင်သည် စပျစ်သီး အသွေး စစ်ကို သောက် ရ၏။
Job 20:19ဆင်းရဲသား တို့ကို ညှဉ်းဆဲ စွန့်ပစ် ၍၊ မိမိ မ ဆောက် သော အိမ် ကို လုယူ သောကြောင့် ၎င်း၊
Psalms 12:5ဆင်းရဲ သောသူသည် ခံရသောညှဉ်းဆဲ ခြင်း၊ ငတ်မွတ် သောသူ၏ ငိုကြွေး ခြင်းကြောင့် ယခု ငါထ မည်။ ကဲ့ရဲ့ ခြင်းကိုခံရသောသူ အား ချမ်းသာ ပေးမည်ဟု ထာဝရဘုရား မိန့် တော်မူ၏။
Psalms 140:12ထာဝရဘုရား သည်ဆင်းရဲ သောသူ ၏အမှု ကို စောင့် ၍၊ ငတ်မွတ် သောသူဘက်၌ တရား စီရင်တော်မူမည် ဟု ငါသိ ၏။