The Bible Software
Amos · မြန်မာကျမ်းစာ

Amos 4

1ဆင်းရဲ သောသူတို့ကို ညှဉ်းဆဲ လျက်၊ ငတ်မွတ် သောသူတို့ကိုနှိပ်စက် လျက်၊ မိမိ သခင် တို့အား ငါတို့ သောက် ဘို့ယူခဲ့ ကြဟုဆို တတ်လျက်၊ ရှမာရိ တောင် ပေါ်မှာ နေသောဗာရှန် နွား တို့၊ ဤ စကား တော်ကိုနားထောင် ကြလော့။

2အရှင် ထာဝရဘုရား သည် မိမိ သန့်ရှင်း ခြင်း ပါရမီတော်ကို တိုင်တည်၍ ကျိန်ဆို တော်မူသည် အတိုင်း ၊ သင် တို့ကို ငါးမျှား နှင့် ၎င်း ၊ သင် တို့သားမြေး တို့ကိုပိုက်ကွန် နှင့် ၎င်း ဘမ်းဆီး ယူသွားရသောကာလ ရောက် လိမ့်မည်။

3သင်တို့သည် အသီးအသီး ကိုယ်စီတွေ့သော အပေါက် ဖြင့် ထွက် ၍ ရဲတိုက် ထဲသို့ ချ ခြင်းကိုခံရကြမည်ဟု ထာဝရဘုရား မိန့် တော်မူ၏။

4ဗေသလ မြို့သို့သွား ၍ ပြစ်မှား ကြလော့။ ဂိလဂါလ မြို့သို့လည်း သွား၍ များစွာ သောပြစ်မှား ခြင်းကို ပြုကြလော့။ နံနက် တိုင်းပူဇော်သောယဇ် ကို၎င်း၊ သုံး နှစ်တခါ ဥစ္စာဆယ်ဘို့ တဘို့ကို၎င်းဆောင် ခဲ့ကြလော့။

5လုယူ သောဥစ္စာထဲက ကျေးဇူး ချီးမွမ်းရာ ပူဇော်သက္ကာကို မီးရှို့ ကြလော့။ အလိုလို ပြုသော ပူဇော်သက္ကာ များကိုလည်း ကြားပြော ၍ကြော်ငြာစေကြလော့။ အိုဣသရေလ အမျိုးသား တို့၊ ထိုသို့ ပြုရာတွင် သင်တို့သည် မွေ့လျော် တတ်ကြသည်ဟု အရှင် ထာဝရဘုရား မိန့် တော်မူ၏။

6ငါ သည်လည်း ၊ သင် တို့မြို့ ရွာရှိသမျှ တို့၌ သွား တို့၏ စင်ကြယ် ခြင်းကို၎င်း ၊ သင် တို့နေရာ အရပ်ရှိသမျှ တို့၌ အစာ ခေါင်းပါး ခြင်းကို၎င်း ပေး သော်လည်း ၊ သင် တို့သည် ငါ့ ထံသို့ ပြန် ၍ မ လာကြဟုထာဝရဘုရား မိန့် တော်မူ၏။

7စပါးရိတ်ရာကာလမရောက်မှီ သုံး လ အထက်က၊ မိုဃ်းမရွာစေခြင်းငှါမိုဃ်း ကိုငါ ဆီးတား ပြီ။ မြို့တမြို့ပေါ်မှာ ရွာစေခြင်းငှါ၎င်း ၊ တမြို့ပေါ်မှာမရွာစေခြင်းငှါ၎င်း ပြုလျက်၊ မြေတကွက်သည် မိုဃ်းရေကိုခံရ၍ တကွက်သည် မခံရ၊ သွေ့ခြောက် လျက် နေရ၏။

8ထိုသို့ မြို့နှစ် မြို့သုံး မြို့ သားတို့သည် ရေ သောက် ခြင်းငှါ မြို့ တ မြို့သို့ သွား ရ၍ မ ဝ ရကြ။ သို့သော်လည်း ၊ သင်တို့သည် ငါ့ ထံသို့ ပြန် ၍မ လာကြဟု ထာဝရဘုရား မိန့် တော်မူ၏။

9လေထိ၍အပင်သေခြင်း၊ အရည်ယို၍ သေခြင်းဘေး ဖြင့် ငါသည်ဒဏ်ခတ် လေပြီ။ သင် တို့၌ များပြား သောလယ်ယာ ၊ စပျစ် ဥယျာဉ်၊ သင်္ဘော သဖန်းပင်၊ သံလွင် ပင်တို့ကို ကျိုင်းကောင် တို့သည် ကိုက်စား ကြပြီ။ သို့သော်လည်း ၊ ငါ့ ထံသို့ ပြန် ၍မ လာကြဟု ထာဝရဘုရား မိန့် တော်မူ၏။

10အဲဂုတ္တု ပြည်ခံရ သောကာလနာ ဘေးကို သင် တို့ရှိရာ သို့ ငါစေလွှတ် လေပြီ။ လုလင် တို့ကို ထား ဖြင့် ကွပ်မျက် စေပြီ။ မြင်း တို့ကိုသိမ်း သွားစေပြီ။ သင် တို့တပ် ၌ ပုပ်စပ်သောအနံ့ ကို သင် တို့နှာခေါင်း ၌ လှိုင် စေပြီ။ သို့သော်လည်း ၊ ငါ့ ထံသို့ ပြန် ၍မ လာကြဟု ထာဝရဘုရား မိန့် တော်မူ၏။

11ဘုရား သခင်သည် သောဒုံ မြို့နှင့် ဂေါမောရ မြို့ကို မှောက်လှန် သကဲ့သို့ ၊ သင် တို့အချို့ကို ငါမှောက်လှန် ၍ သင်တို့သည် မီး ထဲက နှုတ် သောထင်းစ ကဲ့သို့ ဖြစ် ကြပြီ။ သို့သော်လည်း ၊ ငါ့ ထံသို့ ပြန် ၍မ လာကြဟု ထာဝရဘုရား မိန့် တော်မူ၏။

12သို့ဖြစ်၍ ၊ အိုဣသရေလ အမျိုး၊ အထက်က ပြုသကဲ့သို့သင် တို့၌ ငါပြု ဦးမည်။ ထိုသို့ ပြု မည်ဖြစ်သောကြောင့် ၊ အိုဣသရေလ အမျိုး၊ သင် ၏ဘုရား သခင်နှင့် တွေ့ ခြင်းငှါ ကိုယ်ကို ပြင်ဆင် လော့။

13တောင် တို့ကို လုပ် ၍ လေ ကိုဖန်ဆင်း ထသော၊ လူ စိတ် အကြံအစည်ကို လူ အား ဘော်ပြ ထသော၊ နံနက် အလင်းကို အမိုက် ဖြစ်စေ ထသော၊ မြင့် သောမြေ အရပ်တို့ကို နင်း သောသူသည် ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား တည်းဟူသောဘွဲ့နာမရှိတော်မူ၏။

← Amos 3Read In The App, Free →Amos 5 →

Study Amos 4

KJVMatthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschScofieldFamily Bible NotesGeneva Bible Notes (1599)Reina-Valera (Español)Bíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)

All Chapters

123456789