The Bible Software
bible.software › Amos › Amos 5 › Amos 5:4

Amos 5:4

ထာဝရဘုရား သည် ဣသရေလ အမျိုး အား မိန့် တော်မူသည်ကား ၊ ငါ့ ကို ရှာ ကြလော့။ ရှာလျှင် အသက် ချမ်းသာရကြလိမ့်မည်။

မြန်မာကျမ်းစာ

In The King James Version

For thus saith the LORD unto the house of Israel, Seek ye me, and ye shall live:

In Context

3အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား ၊ ဣသရေလ အမျိုး ၏ အမှုကိုထမ်းစေဘို့ လူတထောင်ကိုပေး နိုင်သောမြို့သည် လူတရာ၊ တရာကို ပေးနိုင်သော မြို့သည် တကျိပ် ကိုသာပေး နိုင်လိမ့်မည်။

5ဗေသလ မြို့ကို မ ရှာ ကြနှင့်။ ဂိလဂါလ မြို့သို့မ ဝင် ကြနှင့်။ ဗေရရှေဘ မြို့သို့ မ သွား ကြနှင့်။ အကြောင်း မူကား၊ ဂိလဂါလ မြို့သည် ဆက်ဆက်သိမ်းသွား ခြင်းကိုခံရလိမ့်မည်။ ဗေသလ မြို့သည်လည်း ၊ အကျိုးနည်း ရှိ ရလိမ့်မည်။

Read all of Amos 5

Cross References

Deuteronomy 30:1သင့် ရှေ့ ၌ ငါထား ၍ အထက်ဆိုခဲ့ပြီး သမျှသော အရာတည်း ဟူသော ကောင်းကြီး မင်္ဂလာနှင့် ကျိန် ခြင်းအမင်္ဂလာတို့သည် သင့် အပေါ် မှာ ရောက် ၍ ၊ သင် ၏ ဘုရားသခင် ထာဝရဘုရား သည် သင့် ကို နှင်ထုတ် တော်မူရာ အပြည်ပြည် တို့၌ ထို အရာ တို့ကို အောက်မေ့ လျက်၊

1 Chronicles 28:9ငါ့ သား ရှောလမုန် ၊ သင့် အဘ ၏ဘုရားသခင် ကို သိ လော့။ စုံလင် သောနှလုံး ၊ ကြည်ညို သောစိတ် သဘောနှင့် ဝတ်ပြု လော့။ ထာဝရဘုရား သည် ခပ်သိမ်း သော စိတ် နှလုံးတို့ကို စစ်၍အကြံအစည် ရှိလေသမျှ တို့ကို သိတော်မူ၏။ ကိုယ်တော် ကို ရှာ လျှင် အတွေ့ ခံတော်မူမည်။ ကိုယ်တော် ကိုစွန့် လျှင် သင့် ကို အစဉ်အမြဲ စွန့် တော်မူမည်။

2 Chronicles 20:3ယောရှဖတ် သည် ကြောက် ၍ ၊ ထာဝရဘုရား ကို ရှာ ခြင်းငှါ သဘောချ လျက် ၊ အစာ ရှောင်ရာအချိန်ကို၊ ယုဒ ပြည်တရှောက်လုံး ၌ ကြော်ငြာ စေတော်မူ၏။

2 Chronicles 34:3အသက် တော်ငယ်စဉ် ၊ နန်းစံ ရှစ် နှစ် တွင် ၊ အဘ ဒါဝိဒ် ၏ ဘုရားသခင် ကို ဆည်းကပ် စ ပြု၏။ တဆယ် နှစ် နှစ် တွင် ယုဒ ပြည်၊ ယေရုရှလင် မြို့၌ ရှိသောကုန်း ၊ အာရှရ ပင်၊ ထု သောရုပ်တု၊ သွန်း သောရုပ်တုတို့ကို သုတ်သင် ပယ်ရှင်းစ ပြု၏။

Psalms 22:26နှိမ့်ချ လျက်ရှိသောသူတို့ သည် ဝ စွာစား ရကြ လိမ့်မည်။ ထာဝရဘုရား ကိုရှာ သောသူတို့သည် ချီးမွမ်း ကြလိမ့်မည်။ သင် တို့စိတ် နှလုံးသည် အစဉ် အမြဲအား ဖြည့်ရလိမ့်မည်။

Psalms 69:32နှိမ့်ချ သောသူတို့ သည် မြင် ၍ ဝမ်းမြောက် ကြလိမ့်မည်။ ဘုရား သခင်ကို ရှာ သောသူတို့ ၏ စိတ် နှလုံးသည် အား ပြည့်လိမ့်မည်။

This Verse In Other Editions

King James VersionBíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)Библия (Русский)新标点和合本성경 (한국어)الكتاب المقدس باللغة العربية، فان دايكBibbia Diodati (Italiano)Kinh Thánh (Tiếng Việt)Biblia Cornilescu (Română)Polish Biblia Gdanska (1881)Statenvertaling (Nederlands)

Study Amos 5:4

Matthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschScofieldFamily Bible NotesGeneva Bible Notes (1599)
← Amos 5:3Amos 5Amos 5:5 →