Amos 5:3
အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား ၊ ဣသရေလ အမျိုး ၏ အမှုကိုထမ်းစေဘို့ လူတထောင်ကိုပေး နိုင်သောမြို့သည် လူတရာ၊ တရာကို ပေးနိုင်သော မြို့သည် တကျိပ် ကိုသာပေး နိုင်လိမ့်မည်။
မြန်မာကျမ်းစာ
In The King James Version
In Context
2ဣသရေလ သတို့သမီး ကညာသည်လဲ ပြီ။ နောက် တဖန်မ ထ ရ။ မိမိ မြေ ပေါ်မှာ တုံးလုံး နေ၏။ ချီကြွ သောသူမ ရှိ။
Cross References
Deuteronomy 28:62သင်သည် အရေအတွက် အားဖြင့် မိုဃ်း ကောင်းကင် ကြယ် ကဲ့သို့ များသော်လည်း၊ သင် ၏ဘုရားသခင် ထာဝရဘုရား ၏ စကား တော်ကို နား မ ထောင်သောကြောင့် နည်းနည်း ဖြစ် ရလိမ့်မည်။
Isaiah 1:9ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရ ဘုရားသည် ငါ တို့ ၌ အနည်းငယ် မျှ ကြွင်း စေတော်မ မူလျှင်၊ ငါတို့သည် သောဒုံ မြို့ကဲ့သို့ ဖြစ် ၍ဂေါမောရ မြို့နှင့် တူ ကြပြီ။
Isaiah 10:22အိုဣသရေလ အမျိုး ၊ သင်၏အမျိုးသားတို့သည် သမုဒ္ဒရာ သဲလုံး နှင့် အမျှ များသော်လည်း ၊ ကြွင်း သောသူတို့ သာလျှင် ပြန် လာကြလိမ့်မည်။ စီရင် ဆုံးဖြတ်သော သုတ်သင်ပယ်ရှင်း ခြင်းသည် တရား သဖြင့် လွှမ်းမိုး ရ လိမ့်မည်။
Amos 6:9အိမ် တ ဆောင်တွင် လူ တကျိပ် ကျန်ကြွင်း သော်လည်း သေ ကြလိမ့်မည်။