Amos 6:7
ထို သူတို့သည် အဦးဆုံး သိမ်းသွား ခြင်းကို ခံရသောသူတို့နှင့်အတူ ပါ သွားကြလိမ့်မည်။ လျောင်း ၍ နေသောသူတို့၏ ပွဲ သည်လည်း ကွယ်ပျောက် ရလိမ့်မည်။
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
1 Kings 20:16မွန်းတည့်အချိန်၌ ထွက်ကြ၏။ ဗင်္ဟာဒဒ် မင်းမူကား၊ ဝိုင်းသော မင်းကြီး သုံး ဆယ်နှစ်ပါး တို့နှင့်တကွ တဲတော်၌ ယစ်မူးအောင် သောက်လျက် နေကြ၏။
Esther 5:12မိဖုရား ဧသတာ သည် မိမိပြင်ဆင် သော ပွဲ သို့ ငါ မှတပါး ၊ အဘယ်သူကိုမျှ ရှင်ဘုရင် နှင့်အတူ မ ဝင် စေ။ နက်ဖြန် နေ့၌ လည်း ရှင်ဘုရင် နှင့်အတူ ငါ့ ကို ဘိတ် ပြန်၏။
Esther 7:8ရှင် ဘုရင်သည် ဥယျာဉ် တော်မှ စပျစ်ရည် သောက်ပွဲ ခံရာအရပ် သို့ ဝင်ပြန် သောအခါ ၊ ဧသတာ ထိုင် သော သာလွန် နား မှာ ဟာမန် သည် ပြပ်ဝပ် လျက်နေသည် ကို မြင်လျှင်၊ ဤသူသည် နန်းတော် ၌ ငါ့ ရှေ့မှာ မိဖုရား ကို အဓမ္မ ပြုရမည်လောဟု မိန့် တော်မူစဉ်တွင်၊ အခြံအရံတို့သည် ဟာမန် ၏ မျက်နှာ ကိုဖုံး ကြ၏။
Isaiah 24:8သာယာသောပတ်သာ အသံ ငြိမ်း ပြီ။ ဝမ်းမြောက် သောသူ၏ အသံ မရှိ။ သာယာ သောစောင်း သံ လည်း ငြိမ်း ပြီ။
Amos 4:3သင်တို့သည် အသီးအသီး ကိုယ်စီတွေ့သော အပေါက် ဖြင့် ထွက် ၍ ရဲတိုက် ထဲသို့ ချ ခြင်းကိုခံရကြမည်ဟု ထာဝရဘုရား မိန့် တော်မူ၏။
Amos 5:27ထိုကြောင့် ၊ သင် တို့ကို ဒမာသက် မြို့တဘက် သို့ သိမ်း သွားစေ ခြင်းငှါ ငါစီရင်မည်ဟု၊ ကောင်းကင်ဗိုလ်ခြေ အရှင်ဘုရား သခင်ဟူ၍ဘွဲ့ နာမရှိသော ထာဝရဘုရား မိန့် တော်မူ၏။