Amos 9:13
ထာဝရဘုရား မိန့် တော်မူသည်ကား၊ လယ်ထွန် သောသူသည် စပါးရိတ် သောသူကို၎င်း ၊ စပျစ်သီး နယ် သောသူသည် မျိုးစေ့ ကြဲ သောသူကို၎င်း မှီ လျက်၊ တောင် တို့မှ ချိုသောစပျစ်ရည် ယို ၍ ၊ ကုန်း ရှိသမျှ တို့လည်း အရည် ဖြစ်ရသောကာလရောက်လိမ့်မည်။
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
Leviticus 26:5စပါးနင်း နယ်သော အမှုသည်၊ စပျစ်သီး ညှစ်ရာ ကာလတိုင်အောင်၎င်း၊ စပျစ်သီး ညှစ်သောအမှုသည်၊ မျိုးစေ့ ကြဲရာ ကာလတိုင်အောင်၎င်း မှီ သဖြင့် ၊ သင်တို့သည် ဝ စွာစား ၍ ၊ ကိုယ် ပြည် ၌ ဘေး လွတ်လျက် နေ ရကြလိမ့်မည်။
Psalms 97:5ထာဝရဘုရား ရှေ့ ၊ မြေကြီး တပြင်လုံး ကို အစိုးရတော်မူသောအရှင် ၏ရှေ့ တော်၌ ၊ တောင် တို့သည် ဘယောင်း ကဲ့သို့ အရည် ဖြစ်ကြ၏။
Isaiah 55:13အမျိုးမျိုးသော ဆူး ပင်အရာ ၌ ထင်းရူး ပင်နှင့် မုရတု ပင်တို့သည် ပေါက် ကြလိမ့်မည်။ ထိုအမှုသည်ထာဝရဘုရား ရှေ့တော်၌ အောက်မေ့ဘို့ရာ၊ မ ပျောက် မပျက်ရသောထာဝရ သက်သေ ဖြစ် ရလိမ့်မည်။
Hosea 2:21ထာဝရဘုရား မိန့် တော်မူသည်ကား၊ ထိုကာလ ၌ ငါသည် နားထောင် မည်။ မိုဃ်း ကောင်းကင်စကားကို နားထောင် ၍ ၊ သူ သည် မြေကြီး စကားကို နားထောင် မည်။
Joel 3:20ယုဒ ပြည်မူကား ၊ ထာဝရ ပြည်၊ ယေရုရှလင် မြို့မူကား ၊ ကာလ အစဉ်အဆက်တည်သော မြို့ ဖြစ်လိမ့်မည်။
John 4:35ယခု မှစ၍လေး လလွန်လျှင်၊ စပါး ရိတ်ရာကာလဖြစ် လိမ့်မည်ဟု သင် တို့ဆို တတ်သည်မ ဟုတ်လော။ ငါဆို သည်ကား၊ စပါး ရိတ်ခြင်း အလိုငှာ လယ်ပြင် တို့သည် ယခုပင် ဝင်းဝင်း ရှိ သည်ကို မျှော် ၍ ကြည့် ကြလော့။