ကောလောသဲဩဝါဒစာ 2:13
ဒုစရိုက် အပြစ်၌ ၎င်း၊ ဇာတိ ပကတိ၏ အရေဖျားလှီး ခြင်းကို မခံသောအဖြစ်၌၎င်း သေ လျက်ရှိ နေသော သင် တို့ကို ခရစ်တော် နှင့်အတူ အသက် ရှင်စေ၍၊ သင် တို့ အပြစ် ရှိသမျှ တို့ကို လွှတ် တော်မူ၏။။
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
Psalms 71:20ကြီးမား ကြမ်းတမ်းသော ဘေး များ ကို အကျွန်ုပ် အားပြ တော်မူပြီ။ တဖန် အသက် ကို ချမ်းသာပေး၍ ၊ မြေကြီး နက်နဲ ရာထဲက တဖန် ထမြောက် စေတော်မူမည်။
Isaiah 1:18ထာဝရဘုရား မိန့် တော်မူသည်ကား၊ လာ ကြ။ တရားစီရင် ကြကုန်အံ့။ သင် တို့အပြစ် သည် နီ သော အဆင်းရှိသော်လည်း ၊ မိုဃ်းပွင့် ကဲ့သို့ ဖြူ လိမ့်မည်။ ကတ္တီပါ နီနှင့်အမျှ နီ သော်လည်း ၊ သိုးမွေး ကဲ့သို့ ဖြစ် လိမ့်မည်။
Jeremiah 31:34ထိုသူတို့က၊ ထာဝရဘုရား ကို သိ လော့ဟု၊ အမျိုးသား ချင်း၊ ညီအစ်ကို အချင်းချင်းတယောက်ကို တယောက်ဆုံးမ ဩဝါဒမပေးရကြ။ အကြောင်း မူကား၊ အငယ်ဆုံး သော သူမှစ၍ အကြီးဆုံး သောသူတိုင်အောင် ၊ ထိုသူ အပေါင်း တို့သည် ငါ့ ကိုသိ ကြလိမ့်မည်။ ထိုအခါ ငါသည် သူ တို့အပြစ် များကို သည်းခံ မည်။ သူ တို့ပြုသောဒုစရိုက် များကို မ အောက်မေ့ ဘဲနေမည်ဟု ထာဝရဘုရား မိန့် တော်မူ၏။
Luke 9:60ယေရှုက၊ လူသေ တို့သည် မိမိ လူသေ တို့ကို သင်္ဂြိုဟ် ပါလေစေ။ သင် မူကား သွား ၍ ဘုရားသခင့် နိုင်ငံ တော်၏အကြောင်းကို ဟောပြော လော့ ဟု မိန့် တော်မူ၏။
Luke 15:32သင် ၏ညီ မူကား အထက်ကသေ ၏။ ယခု ရှင်ပြန် ၏။ အထက်ကပျောက် ၏။ ယခု တွေ့ပြန် ၏။ ထိုကြောင့် ပျော်မွေ့ ဝမ်းမြောက် စရာအကြောင်းရှိ ၏။ အဘဆို သည် ဟု မိန့်တော်မူ၏။
John 6:63ဝိညာဉ် သာလျှင်အသက် ရှင်စေ၏။ ကိုယ် ကာယသည်အလျှင်း မ တတ်နိုင် ။ ငါ ပြော သောစကား သည် ဝိညာဉ် ဖြစ်၏။ အသက် လည်း ဖြစ်၏။