ရှင်ယောဟန်ခရစ်ဝင် 6:63
ဝိညာဉ် သာလျှင်အသက် ရှင်စေ၏။ ကိုယ် ကာယသည်အလျှင်း မ တတ်နိုင် ။ ငါ ပြော သောစကား သည် ဝိညာဉ် ဖြစ်၏။ အသက် လည်း ဖြစ်၏။
မြန်မာကျမ်းစာ
In The King James Version
In Context
62လူ သား သည်အရင် နေရာ အရပ်သို့တဖန် ကြွတက် သည်ကိုမြင် ရလျှင် အဘယ်သို့ထင်မှတ်ကြမည်နည်း။
64သို့သော်လည်း သင် တို့တွင် မ ယုံကြည် သောသူ တချို့ ရှိ ၏။
Read all of ရှင်ယောဟန်ခရစ်ဝင် 6
Cross References
Genesis 2:7ထိုနောက် ၊ ထာဝရ အရှင်ဘုရား သခင်သည် မြေ မှုန့်ဖြင့် လူ ကို ဖန်ဆင်း ၍၊ သူ ၏နှာခေါင်း ထဲသို့ ဇီဝ အသက် ကို မှုတ် တော်မူလျှင် ၊ လူ သည် အသက်ရှင် သော သတ္တဝါ ဖြစ် လေ၏။
Psalms 19:7ထာဝရဘုရား ၏ တရား တော်သည် စုံလင် သည် ဖြစ်၍စိတ် ဝိညာဉ်ကို ပြုပြင် တတ်၏။ ထာဝရဘုရား ၏ သက်သေခံ တော်မူချက်သည် ဟုတ်မှန် သည်ဖြစ်၍မ လိမ္မာသောသူတို့ ကို လိမ္မာ စေတတ်၏။
Psalms 119:93ကိုယ်တော် ၏ ဥပဒေ များကို အစဉ် မ မေ့ မလျော့နိုင်ပါ။ အကြောင်း မူကား၊ ထို ဥပဒေသများအားဖြင့် ၊ အကျွန်ုပ် ကို အသက်ရှင် စေ တော်မူ၏။
John 6:68ရှိမုန် ပေတရု က၊ သခင် ၊ အကျွန်ုပ်တို့သည် အဘယ်သူ ထံသို့ သွား ရမည်နည်း။ ထာဝရ အသက် နှင့် ယှဉ်သော စကား သည်ကိုယ်တော်၌ တည် ပါ၏။
Romans 2:25သင် သည်ပညတ် တရားကို ကျင့်လျှင် ၊ အရေဖျားလှီး ခြင်းအားဖြင့် အကျိုး ရှိ၏။ ပညတ် တရားကို လွန်ကျူး လျှင် ၊ သင် ၏အရေဖျားလှီး ခြင်းသည် အရေဖျား မလှီးဘဲဖြစ် ပြန်၏။
Romans 8:2ယေရှု ခရစ် ၌ တည်၍ အသက် ရှင်စေသော ဝိညာဉ် တော်၏တရား သည် အပြစ် တရား ၏ လက်မှ ၎င်း၊ သေ ခြင်းတရား၏လက်မှ၎င်း၊ ငါ့ ကိုကယ်လွှတ် ပြီ။