ကောလောသဲဩဝါဒစာ 3:25
မတရားသောအမှုကို ပြုသောအမှုမည်သည်ကား၊ မိမိပြုသောအမှု၏ အကျိုးအပြစ်ကို ခံရလိမ့်မည်။ အဘယ်သူ၏ မျက်နှာကို မှတ်တော်မမူ။
1835 Judson Burmese Bible
In The King James Version
In Context
Cross References
Leviticus 19:15တရားတွေ့သည်အမှုမှာ မတရားသဖြင့် မစီရင်ရ။ ဆင်းရဲသောသူဘက်၌ မငဲ့ကွက်၊ ကြီးသောသူ၏ မျက်နှာကို မထောက်ဘဲ၊ ကိုယ်အမျိုးသားချင်းကို တရားသဖြင့် စီရင်ရမည်။
Deuteronomy 10:17အကြောင်းမူကား၊ သင်၏ဘုရားသခင် ထာဝရ ဘုရားသည်၊ ဘုရားတို့၏ ဘုရား၊ သခင်တို့၏သခင်၊ ကြီးမြတ်သောဘုရား၊ တန်ခိုးနှင့်ပြည့်စုံ၍ ကြောက်မက် ဘွယ်သောဘုရား၊ လူမျက်နှာကို မထောက်၊ တံစိုးကို မစားဘဲ၊
2 Chronicles 19:7သို့ဖြစ်၍ ထာဝရဘုရားကို ကြောက်ရွံ့သော စိတ်ရှိ၍ သတိပြုကြလော့။ ငါတို့ဘုရားသခင်သည် မတရားသောအမှုကို လက်ခံခြင်း၊ လူမျက်နှာကို ထောက် ခြင်း၊ တံစိုးစားခြင်း အခွင့်ရှိတော်မမူဟု မှာထားတော် မူ၏။
Job 37:24သို့ဖြစ်၍လူတို့သည် ကြောက်ရွံ့စရာအကြောင်းရှိကြ၏။ ဉာဏ်ကောင်းသောသူ တစုံတယောက်မျှ ဘုရားသခင်ကို မဖူးမကြည့်နိုင်ဟု မြွက်ဆို၏။
Acts 10:34ထိုအခါပေတရုသည် နှုတ်ကိုဖွင့်၍၊ အကယ် စင်စစ် ဘုရား သခင်သည် လူမျက်နှာကို မှတ်တော်မမူ။
1 Corinthians 6:7ထိုသို့သင်တို့သည် အချင်းချင်းတရားတွေ့သည် အမှုမှာ အလွန်ကြီးစွာသော အပြစ်ရှိကြ၏။ တရား မတွေ့ဘဲ ညှဉ်းဆဲခြင်းကို အဘယ်ကြောင့်မခံသနည်း။