ကောလောသဲဩဝါဒစာ 4:1
သခင်တို့၊ သင်တို့၏သခင်သည် ကောင်းကင်ဘုံ၌ ရှိတော်မူသည်ကို သိမှတ်၍၊ ဖြောင့်မတ်ခြင်းတရား၊ မျှခြင်းတရားနှင့်အညီ ကိုယ်ကျွန်တို့ကို ပြုကြလော့။
1835 Judson Burmese Bible
In The King James Version
In Context
2ဆုတောင်းပဋ္ဌနာပြုခြင်းအမှုကို အမြဲပြု၍၊ ကျေးဇူးတော်ကို ချီးမွမ်းလျက် စောင့်ရှောက်ကြလော့။
Cross References
Leviticus 25:39သင်၏ အမျိုးသားချင်းသည် ဆင်းရဲ၍ သင်၌ အရောင်းခံလျှင်၊ အစေခံကျွန်ကိုပြုသကဲ့သို့ သူ့ကို အနိုင်မပြုရ။
Deuteronomy 15:13လွှတ်သောအခါ၊ လက်ချည်း မလွှတ်ဘဲ၊
Nehemiah 5:5ယခုမှာ ငါတို့ ကိုယ်ခန္ဓာသည် အမျိုးသားချင်း တို့၏ ကိုယ်ခန္ဓာ ကဲ့သို့ဖြစ်၏။ ငါတို့သားသမီးသည် သူတို့ သားသမီးကဲ့သို့ဖြစ်ကြ၏။ ငါတို့ သားသမီးကိုရောင်း၍ ကျွန်ခံစေရမည်လော။ ကျွန်ခံပြီးသော သမီးတို့ကိုလည်း ရွေးခြင်းငှါ မတတ်နိုင်။ ပိုင်ရင်းလယ်ယာနှင့် ဥယျာဉ်တို့ သည် သူတပါးလက်သို့ ရောက်လေပြီတကားဟု ဆိုကြ၏။
Job 31:13ငါ့ကျွန်နှင့်ငါ့ကျွန်မသည် ငါနှင့်တရားတွေ့စရာ အမှုရှိသောအခါ၊ ငါနားမထောင်ဘဲနေမိလျှင်၊
Isaiah 58:3အကျွန်ုပ်တို့သည် အစာရှောင်ခြင်း အကျင့်ကို ကျင့်သောအခါ၊ ကိုယ်တော်သည် အဘယ်ကြောင့်မြင် တော်မမူသနည်း။ အကျွန်ုပ်တို့သည် ခြိုးခြံစွာ ကျင့်သော အခါ၊ ကိုယ်တော်သည် အဘယ်ကြောင့် သိမှတ်တော်မမူ သနည်းဟုဆိုသော်၊ သင်တို့သည် အစာရှောင်သောနေ့၌ ကိုယ်တိုင်ပျော်မွေ့၍၊ ကျွန်တို့ကိုပင်ပန်းစွာ လုပ်စေကြ၏။
Jeremiah 34:9အစေခံရသော ဟေဗြဲအမျိုးကျွန်ယောက်ျား မိန်းမတို့ကို နောက်တဖန် မစေစားဘဲလွှတ်စေခြင်းငှါ၊ ဇေဒကိမင်းကြီးသည် လွှတ်ခြင်းတရားကို စီရင်မည်ဟု ဝန်ခံပြီးသည်နောက်၊ ထာဝရဘုရား၏ နှုတ်ကပတ်တော် သည် ယေရမိသို့ရောက်လာ၏။