Daniel 10:1
ပေရသိ ရှင်ဘုရင် ကုရု နန်းစံသုံး နှစ် တွင် ၊ ဗေလတရှာဇာ အမည် ဖြင့် သမုတ် သော ဒံယေလ သည် ဗျာဒိတ် တော်ကိုခံရ ၏။ ထိုဗျာဒိတ် တော်စကား မှန် ပေ၏။ ကြီးစွာ သော စစ်တိုက် ခြင်းနှင့် ဆိုင်ပေ၏။ သူသည် ထိုစကား ကို နားလည် ၏။ မြင်ရသောရူပါရုံ သဘောကိုလည်း ရိပ်မိ၏။
မြန်မာကျမ်းစာ
In The King James Version
In Context
2ထို ကာလ ၌ ငါ ဒံယေလ သည် အရက် နှစ်ဆယ် တရက် တိုင်တိုင်ခြိုးခြံစွာကျင့် လျက်နေ၏။
Cross References
2 Chronicles 36:22ယေရမိ ဆင့်ဆို သော ထာဝရဘုရား ၏အမိန့် တော်ကိုပြည့်စုံ စေခြင်းငှါ ၊ ပေရသိ ရှင်ဘုရင် ကုရု နန်းစံပဌမ နှစ် တွင် ၊ ထာဝရဘုရား နှိုးဆော် တော်မူသောအားဖြင့်၊ ထိုရှင်ဘုရင်သည်အမိန့် တော်စာ ကို ထုတ်ပြီးလျှင်၊ ပေရသိ နိုင်ငံ အရပ်ရပ် တို့၌ကြော်ငြာ စေ၍
Ezra 3:7ပန်းရန် သမားနှင့် လက် သမားတို့အား လည်း ငွေ ကိုပေး ကြ၏။ ပေရသိ ရှင်ဘုရင် ကုရု အခွင့် ပေးတော်မူသည် အတိုင်း ၊ အာရဇ် သစ်သား ကို လေဗနုန် တောင်မှ ယုပ္ပေ ဆိပ်သို့ ဆောင် စေခြင်းငှါ ၊ ဇိဒုန် မြို့သားနှင့် တုရှ မြို့သားတို့အား ၊ စား စရိတ်နှင့် ဆီ များကိုပေးကြ၏။
Ezra 4:5ယုဒ အမျိုးသား တို့၏ အကြံ ကိုဖျက်ဆီး ခြင်းငှါ ၊ ပေရသိ ရှင်ဘုရင် ကုရု လက်ထက် ကာလပတ်လုံး မှသည်၊ ပေရသိ ရှင်ဘုရင် ဒါရိ လက်ထက် တိုင်အောင် ၊ ရှေ့နေ တို့ကို ငှါး၍ထားကြ၏။
Ezra 6:3ယဇ် ပူဇော် ရာ အိမ် တော်ကိုတည် စေ။ တိုက်မြစ် ကို ခိုင်ခံ့ စွာချထားစေ။ အမြင့် အတောင် ခြောက် ဆယ်၊ အနံ အတောင် ခြောက် ဆယ်ရှိ၍၊
Isaiah 44:28ကုရုမင်း ကိုလည်း၊ သင်သည် ငါ့ သိုးထိန်း ဖြစ်၏။ ငါ့ အလို ရှိသမျှ ကို ပြည့်စုံ စေလျက် ၊ ယေရုရှလင် မြို့ တည်ဆောက် စေ၊ ဗိမာန် တော်တိုက်မြစ် ကျစေဟု စီရင် လိမ့်မည်ဟူ၍၎င်း ငါဆို ၏။
Daniel 1:17ဘုရား သခင်သည် ထို လုလင် လေး ယောက်တို့ အား အထူးထူး သော သိပ္ပံ အတတ်ပညာတို့ကို သိ စေခြင်းငှါ၊ ထိုးထွင်း၍ နားလည်နိုင်သော ဉာဏ် သတ္တိကို ပေး သနားတော်မူ၏။ ဒံယေလ သည်လည်း ဗျာဒိတ် ရူပါရုံနှင့် အိပ်မက် ကိုနားလည် နိုင်သော ဉာဏ်ပညာနှင့်ပြည့်စုံ၏။