ဧဇရမှတ်စာ 3:7
ပန်းရန် သမားနှင့် လက် သမားတို့အား လည်း ငွေ ကိုပေး ကြ၏။ ပေရသိ ရှင်ဘုရင် ကုရု အခွင့် ပေးတော်မူသည် အတိုင်း ၊ အာရဇ် သစ်သား ကို လေဗနုန် တောင်မှ ယုပ္ပေ ဆိပ်သို့ ဆောင် စေခြင်းငှါ ၊ ဇိဒုန် မြို့သားနှင့် တုရှ မြို့သားတို့အား ၊ စား စရိတ်နှင့် ဆီ များကိုပေးကြ၏။
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
1 Kings 5:6မင်းကြီး၏ ကျွန်တို့သည် ငါ့ အဘို့ လေဗနုန် တောင်ပေါ် မှာ အာရဇ် ပင်တို့ကို ခုတ်လှဲ စေခြင်းငှါ စီရင် ပါ။ ငါ့ ကျွန် တို့သည် မင်းကြီး ကျွန် တို့နှင့် ဝိုင်း၍ လုပ်ကိုင် ကြလိမ့်မည်။ မင်းကြီးစီရင် သည်အတိုင်း ၊ မင်းကြီး ၏ ကျွန် တို့အား အခ ကိုပေး ပါမည်။ ဇိဒုန် အမျိုးသားတို့သည် သစ် ခုတ် တတ် သကဲ့သို့ ငါ တို့တွင် အဘယ်သူ မျှမခုတ်တတ် သည်ကို မင်းကြီး သိ သည်ဟု မှာလိုက်လေ၏။
2 Kings 12:10ငွေ များ သည် ကိုသိ မြင်လျှင် ၊ ရှင်ဘုရင် ၏ စာရေး တော်ကြီးနှင့် ယဇ်ပုရောဟိတ် မင်း သည် လာ ၍ ဗိမာန်တော် ၌စုသောငွေ ကို ထုတ် ထားလျက် စာရင်း ယူ၏
2 Kings 12:13ဗိမာန်တော် အဘို့ငွေ ဖလား ၊ မီးညှပ် ၊ အင်တုံ ၊ တံပိုး ၊ ရွှေ တန်ဆာ ၊ ငွေ တန်ဆာ တို့ကို ထိုငွေ နှင့် မ လုပ် သေး
2 Chronicles 2:10သစ် ခုတ် သော မင်းကြီး ကျွန် တို့အား ဂျုံဆန် ကောရ နှစ်သောင်း ၊ မုယောဆန် နှစ်သောင်း ၊ စပျစ်ရည် ဗတ် နှစ်သောင်း ၊ ဆီ နှစ်သောင်း ကို ငါပေး မည်ဟု မှာ လိုက် လေ၏။
2 Chronicles 24:12ရှင်ဘုရင် နှင့် ယောယဒ သည် ဗိမာန် တော်၏ အမှု တော်စောင့် တို့၌ ထိုငွေကိုအပ်၍ ဗိမာန် တော်ကို ပြုပြင် စေခြင်းငှါ ၊ ပန်းရန်သမား ၊ လက်သမား ၊ ပန်းပဲသမား ၊ ပန်းတဉ်းသမားတို့အား ပေး ဝေကြ၏။
Ezra 1:2ပေရသိ ရှင်ဘုရင် ကုရု မင်းမိန့် တော်မူသည် ကား၊ ကောင်းကင် ဘုံ၏အရှင် ဘုရား သခင်ထာဝရဘုရား သည်၊ မြေကြီး ပေါ်မှာ တိုင်း နိုင်ငံရှိသမျှ တို့ကို ငါ့ အား ပေး တော်မူသည်ဖြစ်၍၊ ယုဒ ပြည်ယေရုရှလင် မြို့၌ အိမ် တော်ကို ငါ တည် ဆောက်ရမည်အကြောင်း မှာ ထား တော်မူပြီ။