Daniel 10:17
ကိုယ်တော် ကျွန် သည် ကိုယ်တော် အရှင်နှင့် အဘယ်သို့ စကားပြော နိုင် ပါအံ့နည်း။ ယခုပင် အကျွန်ုပ် ကိုယ်၌ ခွန်အား အလျှင်းမ ရှိပါ။ အကျွန်ုပ် အသက် လည်း ကုန်ပါပြီဟု ငါ့ ရှေ့ မှာ ရပ် နေသောသူအား ငါလျှောက် ၏။
မြန်မာကျမ်းစာ
In The King James Version
In Context
18နောက် တဖန် လူ သဏ္ဌာန် ရှိသောသူသည် လာ၍ ငါ့ ကို လက်နှင့်တို့ လျက် အားပေး ပြီးလျှင် ၊
Cross References
Genesis 32:20ကိုယ်တော် ကျွန် ယာကုပ် သည်လည်း နောက် မှာ ရှိပါ၏ဟု၊ ကြား လျှောက်ရမည်ဟူ၍ ၎င်း မှာထားလေ၏။ ယာကုပ်က၊ ယခု ငါ့ ရှေ့ တွင် ထွက်သွား သော လက်ဆောင် ဖြင့် ၊ သူ၏စိတ်ကို ငါဖြေ မည်။ နောက်မှ မျက်နှာချင်းဆိုင် တွေ့ သောအခါ၊ ငါ့ ကိုလက်ခံ ကောင်း လက်ခံလိမ့်မည်ဟု အကြံ ရှိသတည်း။
Exodus 33:20သို့ရာတွင်သင်သည် ငါ့ မျက်နှာ ကို မ မြင် နိုင် ရာ။ ငါ့မျက်နှာကို မြင် လျှင် အသက်ရှင် ရသောလူ တစုံ တယောက်မျှမရှိ ဟူ၍၎င်း၊
Judges 13:21ထာဝရဘုရား ၏ကောင်းကင်တမန် သည်၊ မာနော် လင်မယား တို့အား တဖန် မ ပေါ် လာ။ ထိုအခါ မာနော် သည် ထာဝရဘုရား ၏ ကောင်းကင် တမန်ဖြစ်သည်ကို သိ ၏။
Matthew 22:43သို့ဖြစ်လျှင် ဒါဝိဒ် သည် ခရစ်တော် ကို သခင် ဟူ၍ဝိညာဉ် တော်အားဖြင့် အဘယ်ကြောင့် ခေါ် သနည်း။
John 1:18ဘုရားသခင် ကို အဘယ်သူ မျှ မမြင် စဖူး သော်လည်း၊ ခမည်းတော် ၏ရင်ခွင် ၌ ရှိ သော တစ်ပါးတည်း သောသားတော်သည် ဘုရားသခင် ကို ထင်ရှား စေတော်မူပြီ။