Daniel 10:6
သူ ၏ ကိုယ် သည် ကျောက် မျက်ရွဲကဲ့သို့ ဖြစ်၏။ သူ့ မျက်နှာ သည်လည်း လျှပ်စစ် ကဲ့သို့ ထင်၏။ သူ့ မျက်စိ သည်လည်း မီးခွက် ကဲ့သို့ ဖြစ်၏။ သူ့ လက် ခြေ တို့သည် ဦးသစ်သော ကြေးဝါ အရောင်အဆင်းရှိ၏။ သူ့ စကား သံ သည် များစွာ သော လူစုအသံ နှင့် တူ၏။
မြန်မာကျမ်းစာ
In The King James Version
In Context
5မျှော် ကြည့်၍ ပိတ်ချော နှင့် ဥဖတ် ရွှေစင် ခါးပန်း ကို ဝတ် စည်းလျက် ရှိသောလူ တဦး ကို မြင် ၏။
Cross References
Ezekiel 1:7ခြေထောက် သည် ဖြောင့် သော ခြေထောက် ဖြစ်၏။ ခြေဘဝါး သည် နွားသငယ် ၏ ခြေဖဝါး ကဲ့သို့ ဖြစ်၍ဦးသစ် သော ကြေးဝါ ကဲ့သို့ တောက် လေ၏။ ကိုယ်လေး မျက်နှာအတောင် အောက် ၌ လူ လက် ရှိ၏။
Ezekiel 1:16ထို ရထားဘီး တို့၏ အဆင်း အရောင်သည်ကား ၊ ကျောက်မျက်ရွဲ အဆင်း အရောင်နှင့် တူ၏။ ထို လေး ခုတို့ သည် အဆင်း အရောင်တညီ တည်း ရှိကြ၏။ ပုံ သဏ္ဍာန်မူကား ၊ ဘီး တခုအထဲ ၌ ဘီး တခုတပ်သကဲ့သို့ ဖြစ် ၏။
Ezekiel 8:2ထိုအခါ ငါကြည့်ရှု ၍ ၊ မီး အရောင် ကဲ့သို့သော ပုံ သဏ္ဍာန်သည် ထင်ရှား ၏။ ခါး သဏ္ဍာန် မှ သည်အောက် ပိုင်း၌ မီး အရောင်ကဲ့သို့၎င်း ၊ အထက် ပိုင်း၌ ဟရှမေလ ရွှေအရောင်ကဲ့သို့ ၎င်း ထင်ရှား ၏။
Matthew 17:2သူ တို့ရှေ့ ၌ ထူးခြား သောအဆင်းအရောင်နှင့် ပြည့်စုံသည်ဖြစ်၍ ၊ မျက်နှာ တော်သည် နေ ကဲ့သို့ ထွန်းတောက် လျက် ၊ အဝတ် တော်သည် အလင်း ကဲ့သို့ ဖြူ လျက် ရှိ ၏။
Revelation 1:13ထို မီးခွက် ခုနှစ်လုံးအလယ် ၌ လူ သားတော်နှင့် တူ သောသူတစ်ဦးကို၎င်း မြင် ၏။ ထိုသူသည်ခြေ သို့ တိုင်အောင်ဝတ် ခြုံလျက်၊ ရင် တော်၌ ရွှေ ခါးပန်း ကို စည်း လျက်ဖြစ်၏။
Revelation 10:3ခြင်္သေ့ ဟောက် သကဲ့သို့ ကြီး သောအသံ နှင့် ကြွေးကြော် လေ၏။ ကြွေးကြော် ပြီးမှ မိုဃ်းကြိုး သံ ခုနစ် ချက်မြည် လေ၏။