Daniel 2:41
ရုပ်တု၏ခြေ နှင့် ခြေချောင်း တို့သည် သရွတ် တပိုင်း သံ တပိုင်းရှိသည်ကို မြင် တော်မူသည်အတိုင်း ၊ အချင်းချင်းကွဲပြား သော နိုင်ငံ ဖြစ် လိမ့်မည်။ သို့သော်လည်းဖုတ်သောသရွတ် နှင့် သံ ရောနှော သည်ကို မြင် တော်မူသည်ဖြစ်၍ ၊ သံ သည်ခိုင်မာ ခြင်း သတ္တိရှိ လိမ့်မည်။
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
Daniel 7:7ထိုညဉ့် အခါ၊ တဖန်ငါသည် အာရုံ ပြုစဉ်၊ ကြီးစွာ သော ခွန်အား နှင့်ပြည့်စုံ၍ အလွန်ကြောက်မက် ဘွယ် သော စတုတ္ထ သားရဲ သည် ထင်ရှား၏။ ကြီး စွာသော သံ သွား လည်းရှိ၏။ ကိုက်စား ချိုးဖဲ့ ၍ ကြွင်း သော အရာကို ခြေ ဖြင့် နင်း ချေ၏။ သူသည်အရင် သားရဲ ရှိသမျှ တို့ထက် ထူးခြား ၏။ ချို ဆယ် ချောင်းလည်း ရှိ၏။
Revelation 12:3ကောင်းကင် ၌ အခြား သော နိမိတ် လက္ခဏာပေါ်လာ သည်ကား ၊ အဆင်းနီ သော နဂါး ကြီး သည် ခေါင်း ခုနစ် လုံး၊ ချို ဆယ် ချောင်းနှင့်တကွ ခေါင်း ပေါ်၌ သရဖူ ခုနစ် ဆူကို ဆောင်းလျက်ရှိ ၏။
Revelation 17:12ဖြစ် ဘူး၍ ဖြစ် ဆဲမရှိ သောသားရဲ သည် ရှစ် ပါးမြောက်သော ရှင်ဘုရင်ဖြစ် ၏။ ခုနစ် ပါးအဝင်လည်း ဖြစ် ၏။ ဖျက်ဆီး ခြင်းသို့ ရောက် ရလိမ့်မည်။