Daniel 3:10
တံပိုး ၊ ခရာ၊ စောင်း ၊ ပုလွေ ၊ တယော၊ ပတ်သာအစရှိသော တုရိယာ မျိုး တီးမှုတ်ခြင်းအသံ ကို ကြား သော သူ ရှိသမျှ တို့သည် ရွှေ ရုပ်တု ကို ပြပ်ဝပ် ကိုးကွယ် ရကြမည်။
မြန်မာကျမ်းစာ
In The King James Version
In Context
9အရှင် မင်းကြီး၊ အသက် တော်အစဉ်အမြဲ ရှင်ပါစေ ။
Cross References
Exodus 1:16သင် တို့သည် ဟေဗြဲ မိန်းမတို့အား ဝမ်းဆွဲ လုပ်၍ မွေးရာ အရပ်၌ စောင့် နေသောအခါ ၊ ယောက်ျား ဖြစ်လျှင် သေ စေ၊ မိန်းမ ဖြစ်လျှင် အသက်ရှင် စေဟု အမိန့် တော် ရှိ၏။
Exodus 15:20အာရုန် ၏ အစ်မ ဖြစ်သော ပရောဖက်မ မိရိအံ သည် ပတ်သာ ကို ကိုင် ၍ ၊ မိန်းမ အပေါင်း တို့သည် ပတ်သာ တီးလျက် က လျက် လိုက် သွားကြ၏။
1 Chronicles 15:16လေဝိ သားအကြီးအကဲ တို့သည် စောင်း ၊ တယော ၊ ခွက်ကွင်း အစရှိသော တုရိယာ မျိုးနှင့် သီချင်း ဆိုတတ် သော ညီအစ်ကို တို့ကို ဝမ်းမြောက် စွာ အသံ ပြိုင် ဆိုစေခြင်းငှါ ခန့်ထားရမည်အကြောင်းအမိန့် တော်ရှိသည် အတိုင်း၊
1 Chronicles 16:5ခွက်ကွင်း တီး သော အကြီးအကဲ အာသပ် ၊ သူ့ နောက်စောင်း တယော တီးသော ဇာခရိ ၊ ယေလ ၊ ရှေမိ ၊ ရာမုတ်၊ ယေဟေလ ၊ မတ္တိသိ ၊ ဧလျာဘ ၊ ဗေနာယ ၊ ဩဗဒေဒုံ ၊ ယေလ တစုနှင့်၊
2 Chronicles 29:25ဒါဝိဒ် မင်းကြီး နှင့် သူ၏ပရောဖက် ဂဒ် ၊ ပရောဖက် နာသန် တို့ စီရင် သည်အတိုင်း ခွက်ကွင်း ၊ စောင်း ၊ တယော နှင့် တီးမှုတ်သော လေဝိ သားတို့ကို၊ ဗိမာန် တော်၌ ခန့်ထား တော်မူ၏။ ထိုသို့ထာဝရဘုရား သည် ပရောဖက် တို့အားဖြင့် စီရင် တော်မူသတည်း။
Psalms 81:1ငါ တို့ အစွမ်း သတ္တိတည်းဟူသော ဘုရား သခင်အား ရွှင်လန်းစွာ သီချင်း ဆိုကြလော့။ ယာကုပ် အမျိုး၏ ဘုရား သခင်အား ကျူးဧ သောအသံကို ပြုကြလော့။