Daniel 5:7
ဗေဒင် တတ်၊ ခါလဒဲ ဆရာ၊ အနာဂတ္တိ ဆရာ တို့ကို ခေါ် ချေဟု ဟစ်ကြော် ပြီးလျှင်၊ ထို စာ ကို ဘတ် ၍ အနက် ကို ဘော်ပြ နိုင်သော သူ သည်အဝတ်နီ ကိုဝတ်ဆင် ၍ လည်ပင်း ၌ ရွှေ စလွယ် ဆွဲလျက်၊ နိုင်ငံ တော်တွင် တတိယ မင်း ဖြစ်စေဟု ဗာဗုလုန် ပညာရှိ တို့အား အမိန့် တော်ရှိ၍ ၊
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
Genesis 41:8နံနက် အချိန် ရောက် သောအခါ ၊ ဖါရော မင်း သည် စိတ် ပူပန် ၍ ၊ အဲဂုတ္တု ဗေဒင် တတ် ပညာရှိအပေါင်း တို့ကို ခေါ် ၍ အိပ်မက် တော်ကို ပြန်ကြား တော်မူ၏။ သို့သော်လည်း ရှေ့ တော်၌အနက် ကို ဘတ်နိုင်သောသူ တယောက် မျှမရှိ။
Numbers 22:7မောဘ ပြည်သားအသက်ကြီး သူတို့နှင့် မိဒျန် ပြည်သားအသက်ကြီး သူတို့သည် ပြုစား ခြင်းလက်ဆောင်ပါလျက်သွား ၍ ၊ ဗာလမ် ထံသို့ ရောက် သောအခါ ၊ ဗာလက် မင်းစကား ကို ကြားလျှောက် လေ၏။
Numbers 24:11ထိုကြောင့် သင့် နေရာ ပြည်သို့ ပြေး သွားလော့။ သင့် ကို ချီးမြှောက် မည်ဟု အထက်က ငါအကြံ ရှိ၏။ သို့ရာတွင် ထာဝရဘုရား သည် သင်၏ဘုန်း ကို မတိုးပွားစေခြင်းငှါဆီးတား လေပြီဟု ဆို ၏။
Esther 3:1ထို နောက်မှရှင်ဘုရင် အာရွှေရု သည်အာဂတ် အမျိုး၊ ဟမ္မေဒါသ သား ဟာမန် ကို ချီးမြှောက် ၍၊ အထံတော်၌ ရှိသော မှူးမတ် အပေါင်း တို့ထက် သာ၍မြင့်မြတ် သော နေရာ ကို ပေး တော်မူ၏။
Proverbs 1:9ထိုနည်းဥပဒေသတရားတို့သည် သင် ၏ခေါင်း ၌ တင့်တယ် သော ဦးရစ် ၊ သင် ၏လည်ပင်း ၌ ပတ်ရစ်သော လည်ဆွဲ ဖြစ်ကြလိမ့်မည်။
Isaiah 44:25ငါ သည် မိစ္ဆာ ဆရာတို့၏ ပုပ္ပ နိမိတ်များကို ပယ် ဖျောက်တတ်၏။ ဗေဒင် သမားတို့ကို ရူးသွပ် စေတတ် ၏။ ပညာရှိ တို့ကို လှန် ၍ သူ တို့၏ပညာ ကို မိုက် စေတတ် ၏။