တောလည်ရာကျမ်း 22:7
မောဘ ပြည်သားအသက်ကြီး သူတို့နှင့် မိဒျန် ပြည်သားအသက်ကြီး သူတို့သည် ပြုစား ခြင်းလက်ဆောင်ပါလျက်သွား ၍ ၊ ဗာလမ် ထံသို့ ရောက် သောအခါ ၊ ဗာလက် မင်းစကား ကို ကြားလျှောက် လေ၏။
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
Numbers 23:23အကယ်စင်စစ် ယာကုပ် အမျိုးကို၊ ထူးဆန်း သော အတတ်အားဖြင့်မ နိုင်ရာ။ ဣသရေလ အမျိုးကို အဘယ်သူမျှမ ပြုစား ရာ။ ဘုရားသခင် သည် အဘယ်သို့ ပြု တော်မူပြီတကားဟု ယခု ကာလကို ထောက်၍ ယာကုပ် အမျိုး၊ ဣသရေလ အမျိုးကို ရည်ဆောင် လျက် ဆို လေ့ရှိ လိမ့်မည်။
1 Samuel 9:7ရှောလု ကလည်း ၊ သွား လျှင် အဘယ် အရာကို လှူ ရမည်နည်း။ ငါ တို့၌ပါသောမုန့် ကုန် ပြီ။ ဘုရား သခင် ၏ လူ ကို လှူ စရာ အလှူ တစုံတခုမျှ မရှိ။ ငါ တို့၌ တစုံတခုရှိသေးသလောဟုငယ်သား အား မေး သော်၊
Isaiah 56:11စားချင် အားကြီး ၍ ဝမ်းမ ပြည့် နိုင်သော ခွေး လည်း ဖြစ်ကြ၏။ သိုးထိန်း တို့သည်လည်း မ ကြည့် မရှု တတ်ကြ။ ထိုသိုးထိန်း ရှိသမျှ တို့သည် လမ်းလွှဲ၍ မိမိ တို့ လမ်း သို့ လိုက် ကြပြီ။ တယောက်မျှမကြွင်း၊ တညီတညွတ်တည်း ကိုယ် အကျိုး စီးပွားကိုသာ ရှာကြ၏။
Micah 3:11မင်း တို့သည် လက်ဆောင် ကို ရခြင်းငှါသာ တရားမှုကို စီရင် တတ်ကြ၏။ ယဇ် ပုရောဟိတ်တို့သည် အခ ကို ရခြင်းငှါသာ သင် ပေးတတ်ကြ၏။ ပရောဖက် တို့ သည် ငွေ ကို ရခြင်းငှါသာ အနာဂတ်ကို ဟော တတ်ကြ၏။ သို့သော်လည်း ၊ ထာဝရဘုရား ကို ခိုလှုံ လျက်၊ ထာဝရဘုရား သည် ငါ တို့တွင် ရှိတော်မူသည်မ ဟုတ်လော၊ ဘေး ဥပဒ် မ ရောက် နိုင်ဟု ဆို တတ်ကြသည်တကား။
1 Timothy 6:9ငွေရတတ် ခြင်းငှာအလိုရှိ သောသူ တို့သည် အပြစ် သွေးဆောင်ခြင်း၊ ဘမ်းမိ ခြင်း၊ မိုက်မဲ ဖျက်ဆီး တတ်သော တပ်မက် ခြင်းများ ထဲသို့ ကျရောက် တတ်ကြ၏။ ထိုသို့သောအားဖြင့်လူ တို့သည် အကျိုးနည်းခြင်း၊ ပျက်စီး ခြင်း၌ နစ်မွန်း တတ်ကြ၏။
2 Peter 2:15ဖြောင့်မတ် သောလမ်း ထဲကထွက် ၍ လွှဲ သွားသဖြင့်၊ ဗောသော် ၏ သား ဗာလမ် ၏လမ်း ကိုလိုက် ကြ၏။