Daniel 7:18
သို့သော်လည်း၊ အမြင့်ဆုံး သော ဘုရား၏ သန့်ရှင်း သူတို့သည် နိုင်ငံ ကိုသိမ်းယူ၍ ကမ္ဘာ အဆက်ဆက်စံစား ကြလတံ့ဟု အနက် အဓိပ္ပါယ်ကို ကြား ပြော၏။
မြန်မာကျမ်းစာ
In The King James Version
In Context
17ထိုသူက၊ ဤ သားရဲ လေး ကောင်တို့သည် မြေကြီး ပေါ်မှာ ပေါ် လတံ့သော နိုင်ငံ လေး ပါးဖြစ်၏။
Cross References
Psalms 149:5သန့်ရှင်း သူတို့သည် ဘုန်းကြီး ၍ ဝမ်းမြောက် ဝမ်းသာကြစေ။ ကျိန်းဝပ် ရာပေါ် မှာ ရွှင်လန်းစွာ သီချင်း ဆိုကြစေ။
Daniel 7:22ထိုသူတို့သည် နိုင်ငံ ကိုသိမ်းယူ ဝင်စား သောအချိန် ရောက်သည့် တိုင်အောင် ထို ချို သည် သန့်ရှင်း သူတို့ကို စစ် တိုက် ၍ နိုင် လေ၏။
Obadiah 1:17ဇိအုန် တောင် ပေါ် မှာ ဘေးလွတ် သောသူအချို့ ရှိ ကြလိမ့်မည်။ သန့်ရှင်း သောအရပ်ဖြစ် လိမ့်မည်။ ယာကုပ် အမျိုး သည် မိမိ ပိုင် ထိုက်သောမြေကို ပိုင် ရလိမ့်မည်။
Ephesians 6:12အကြောင်းမူကား ၊ ငါ တို့သည် အသွေး အသား ရှိ သော ရန်သူတို့နှင့် ဆိုင်ပြိုင်တိုက်လှန်ရကြသည်မ ဟုတ်။ အထွဋ်အမြတ် တို့နှင့် ၎င်း၊ အာဏာစက် တို့နှင့် ၎င်း၊ လောကီမှောင်မိုက် ၌ အစိုးတရ ပြုလုပ်သော မင်းတို့နှင့် ၎င်း၊ မိုဃ်းကောင်းကင် ၌ နေသောနတ်ဆိုး တို့နှင့် ၎င်း၊ ဆိုင်ပြိုင် တိုက်လှန်ရကြ၏။
Revelation 2:26အကြင်သူ သည်အောင်မြင် ၍ အဆုံး တိုင်အောင် ငါ့ အကျင့် ကိုကျင့် ၏။ ငါ့ ခမည်းတော် သည် ငါ့ အား အခွင့် ပေးတော်မူသကဲ့သို့ ၊ လူမျိုး တို့ကို အုပ်စိုး စေခြင်းငှာထိုသူ အားငါ သည် အခွင့်ပေးမည်။
Revelation 5:10အကျွန်ုပ် တို့၏ ဘုရားသခင် ရှေ့မှာ၊ ရှင်ဘုရင် အရာ၌၎င်း ၊ ယဇ် ပုရောဟိတ်အရာ၌၎င်း၊ ခန့်ထား ၍ ၊ မြေကြီး ပေါ်မှာ စိုးစံ ရသော အခွင့်ကိုပေးတော်မူ၏။ ထိုကြောင့်၊ ကိုယ်တော်သည် စာစောင် ကို ခံယူ ၍တံဆိပ် တို့ကို ဖွင့် ထိုက် တော်မူ၏ဟု အသစ် သောသီချင်း ကိုသီ ၍ လျှောက်ဆို ကြ၏။