Daniel 7:9
ထိုအခါ ငါကြည့်ရှု စဉ် ၊ ရာဇ ပလ္လင်များကို တည် ထားလျက်ရှိ၍ ၊ အသက်ကြီးသော သူတဦးသည် ထိုင် တော်မူ၏။ အဝတ် တော်သည် မိုဃ်းပွင့် ကဲ့သို့ ဖြူ ၏။ ဆံပင် တော်သည် ဖြူ သော သိုးမွှေး နှင့် တူ၏။ ပလ္လင် တော်သည် မီး လျှံ ဖြစ်၏။ ပလ္လင်တော်အောက်၌ မီး စက်လှည်းဘီး ရှိ၏။
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
1 Kings 22:19မိက္ခါကလည်း၊ သို့ဖြစ်၍ ထာဝရဘုရား ၏ အမိန့် တော်ကို နားထောင် ပါ။ ထာဝရဘုရား သည် ပလ္လင် တော်ပေါ် မှာ ထိုင် တော်မူသည်ကို၎င်း ၊ ကောင်းကင် ဗိုလ်ခြေ အပေါင်း တို့သည် လက်ျာ တော်ဘက် လက်ဝဲ တော်ဘက် ၌ ရပ် နေကြသည်ကို၎င်းငါမြင် ပြီ။
Psalms 90:2တောင် များကို မ ဘော်၊ မြေကြီး နှင့် လောကဓါတ် ကို ဖန်ဆင်းတော်မမူမှီ၊ ကိုယ်တော်သည် ရှေးကမ္ဘာ အဆက်ဆက်မှစ၍ ၊ နောက်ကမ္ဘာ အဆက်ဆက်တိုင်အောင် ဘုရား သခင်ဖြစ်တော်မူ၏။
Psalms 102:24ငါလျှောက် သော အချက်ဟူမူကား၊ အို အကျွန်ုပ် ၏ဘုရား ၊ အကျွန်ုပ် ကို အသက် ပျို စဉ် ပင် ပယ်ရှင်း တော် မ မူပါနှင့်။ ကိုယ်တော် ၏ နှစ် တို့သည် ကာလ အစဉ် အဆက်မြဲကြပါ၏။
Isaiah 6:1ဩဇိ မင်းကြီး အနိစ္စ ရောက်သော နှစ် တွင် ၊ ထာဝရ ဘုရားသည် အလွန်မြင့်မြတ် သောပလ္လင် ပေါ် မှာ ထိုင် တော်မူသည်ကို ငါမြင် ၏။ အဝတ် တော်တန်ဆာသည် ဗိမာန် တော်ကို ဖြည့် လေ၏။
Jeremiah 49:38ဧလံ ပြည်၌ ငါ ၏ပလ္လင် ကို တည် ထား၍ ၊ ရှင်ဘုရင် နှင့် မင်းသား တို့ကို သုတ်သင်ပယ်ရှင်း မည်ဟု ထာဝရဘုရား မိန့် တော်မူ၏။
Ezekiel 1:16ထို ရထားဘီး တို့၏ အဆင်း အရောင်သည်ကား ၊ ကျောက်မျက်ရွဲ အဆင်း အရောင်နှင့် တူ၏။ ထို လေး ခုတို့ သည် အဆင်း အရောင်တညီ တည်း ရှိကြ၏။ ပုံ သဏ္ဍာန်မူကား ၊ ဘီး တခုအထဲ ၌ ဘီး တခုတပ်သကဲ့သို့ ဖြစ် ၏။